Monday 28 July 2014

မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက်ညီသော၊ အားနည်းချက်ရှိသော ဥပဒေများကို ပြင်ဆင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား

Photo: မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက်ညီသော၊ အားနည်းချက်ရှိသော ဥပဒေများကို ပြင်ဆင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား
Monday, July 28, 2014  

မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက်ညီသော၊ အားနည်းချက်ရှိသော ဥပဒေများကို ပြင်ဆင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

ဇူလိုင်၂၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စရန်း(င်)ဟီးလီက တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက်ညီသော၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် မကိုက်ညီသော ဥပဒေများကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင်းနှင့် ဥပဒေသစ်များကို လိုအပ်သလို ပြဋ္ဌာန်းသင့်ကြောင်း ပြောကြားခဲ့သည်။

“ဥပဒေဆိုတာ အမြဲပြောင်းလဲတဲ့ သဘောတရား ရှိတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က ဖော်ပြသလို ဥပဒေဆိုတာ အားနည်းချက်တွေရှိရင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီရင် ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲသင့်ပါတယ်” ဟု မစ္စရန်း(င်)ဟီးလီက ပြောကြားသည်။

ထို့ပြင် မွတ်စလင် လူ့အဖွဲ့အစည်းများအတွက် နိုင်ငံသားဖြစ်ရေး မေးခွန်းနှင့် ပတ်သက်၍ ဆွေးနွေးသည့်အခါတွင် တရားဥပဒေစိုးမိုးရေးကို အလေးအနက်ထားရန် မိမိကို ထပ်တလဲလဲ ပြောကြကြောင်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရေးနှင့် ပြင်ဆင်ရေးတို့ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ရှိသည့်အတွက် ထိုသို့ ကန့်ကွက်မှုများနှင့်ပတ်သက်၍ ဥပဒေများအား ပြောင်းလဲမှုများပြုလုပ်ရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေသည်လည်း ချွင်းချက်တစ်ခု မဖြစ်သင့်ကြောင်း မစ္စရန်း(င်)ဟီးလီက ထည့်သွင်းပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း အမုန်းတရားများ ဖြစ်ပွားစေသော ရေးသားမှုများကို ထိန်းချုပ်ရန်လိုအပ်ကြောင်းနှင့် ထပ်မံရေးသားမှု မရှိစေရန် တိကျသော ဥပဒေတစ်ခုကို ရေးဆွဲသင့်ကြောင်း၊ သို့သော် ယင်းဥပဒေသည် လွတ်လပ်စွာပြောဆိုပိုင်ခွင့် ထိန်းချုပ်သည့် အနေအထား မရောက်သင့်ကြောင်း ယခုလအတွင်း ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ၎င်း၏အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်း ကျင့်သုံးလျက်ရှိသော ဥပဒေအချို့တွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကဲ့သို့ ယခင်စစ်အစိုးရလက်ထက် အဆက်ဆက်ကျင့်သုံးခဲ့သော ဥပဒေများ ပါဝင်နေပြီး အဆိုပါဥပဒေများတွင် ယနေ့ခေတ်စနစ်နှင့် မကိုက်ညီသော ဥပဒေများနှင့် ပြောင်းလဲသင့်သည့် ဥပဒေများစွာ ရှိနေကြောင်း ပညာရှင်များက ပြောကြားမှုများရှိသည်။ 

Eleven Media Group 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီ က ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီ က ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက်ညီသော၊ အားနည်းချက်ရှိသော ဥပဒေများကို ပြင်ဆင် သင့်ကြော င်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်း(င်)ဟီးလီက ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာနှင့် ပတ်သက်၍ ထည့်သွင်းပြော ကြား ခဲ့သည်။
ဇူလိုင်၂၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စရန်း(င်) ဟီးလီက တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် မကိုက် ညီသော၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် မကိုက်ညီသော ဥပဒေများကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင်းနှင့် ဥပဒေသစ်များကို လိုအပ်သလို ပြဋ္ဌာန်းသင့်ကြောင်း ပြောကြားခဲ့သည်။

“ဥပဒေဆိုတာ အမြဲပြောင်းလဲတဲ့ သဘောတရား ရှိတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် က ဖော်ပြ သလို ဥပဒေဆိုတာ အားနည်းချက်တွေရှိရင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီ ရင် ပြုပြင်ပြောင်း လဲနိုင် ပါတယ်။ ပြောင်းလဲသင့်ပါတယ်” ဟု မစ္စရန်း(င်)ဟီးလီက ပြောကြားသည်။

ထို့ပြင် မွတ်စလင် လူ့အဖွဲ့အစည်းများအတွက် နိုင်ငံသားဖြစ်ရေး မေးခွန်းနှင့် ပတ်သက် ၍ ဆွေးနွေးသည့် အခါတွင် တရားဥပဒေစိုးမိုးရေးကို အလေးအနက်ထားရန် မိမိကို ထပ်တလဲလဲ ပြောကြကြောင်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရေးနှင့် ပြင်ဆင်ရေးတို့ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် မှုများ ရှိသည့်အတွက် ထိုသို့ ကန့်ကွက်မှုများနှင့်ပတ်သက်၍ ဥပဒေများအား ပြောင်းလဲမှုများပြုလုပ်ရာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေသည်လည်း ချွင်းချက်တစ်ခု မဖြစ်သင့်ကြောင်း မစ္စရန်း(င်)ဟီးလီက ထည့် သွင်းပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း အမုန်းတရားများ ဖြစ်ပွားစေသော ရေးသားမှုများကို ထိန်းချုပ်ရန်လိုအပ်ကြောင်းနှင့် ထပ်မံရေးသားမှု မရှိစေရန် တိကျသော ဥပဒေတစ်ခုကို ရေးဆွဲသင့်ကြောင်း၊ သို့သော် ယင်းဥပဒေသည် လွတ်လပ်စွာပြောဆိုပိုင်ခွင့် ထိန်းချုပ်သည့် အနေအထား မရောက်သင့်ကြောင်း ယခုလအတွင်း ဖြစ်ပွား ခဲ့သည့် မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ၎င်း၏အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်း ကျင့်သုံးလျက်ရှိသော ဥပဒေအချို့တွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ကဲ့သို့ ယခင်စစ်အစိုးရလက်ထက် အဆက်ဆက်ကျင့်သုံးခဲ့သော ဥပဒေများ ပါဝင်နေပြီး အဆိုပါဥပဒေ များတွင် ယနေ့ခေတ်စနစ်နှင့် မကိုက်ညီသော ဥပဒေများနှင့် ပြောင်းလဲသင့်သည့် ဥပဒေများစွာ ရှိနေကြော င်း ပညာရှင်များက ပြောကြားမှုများရှိသည်။

Eleven Media Group

No comments:

Post a Comment