Monday 28 July 2014

အငြင်းပွားဖွယ် အကျဉ်းသား (၂၉) ဦး လွတ်မြောက်ရေး အတွက်သာ နိုင်/ကျဉ်း စစ် ကော်မတီလုပ်ဆောင်မည်

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အနေဖြင့် ၂၀၁၃ ခုနှစ်အကုန်တွင် အကျဉ်းထောင် ထဲမှ ပြန်လည်မလွတ်မြောက်ခဲ့သော အငြင်းပွားဖွယ် နိုင်ငံရေး အကျဉ်းသား (၂၉) ဦး ပြန်လည် လွတ်မြောက်ရန်သာ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော် မတီ အဖွဲ့ဝင်များ ထံမှ သိရသည်။
ဇူလိုင် (၂၆) ရက်နေ့က မြန်မာ့ ငြိမ်းချမ်းရေးစင်တာတွင် ကျင်းပခဲ့သော လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး တွင် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကော်မတီ အဖွဲ့ဝင်များက သဘောတူညီခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော်မတီ အတွင်းရေးမှူး ကိုယ်တိုင် သဘောတူတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်စရာ မရှိပါဘူး ဟု လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးရဲအောင်က The Messenger Media သို့ ပြောသည်။

လက်ရှိ အကျဉ်းထောင်အထဲတွင် ကျန် ရှိနေသေးသော အငြင်းပွားဖွယ် အကျဉ်းသားများသည် နိုင်ငံရေး အကျဉ်းသားများအဖြစ် သတ်မှတ် ထားသည့် ပုဒ်မများဖြင့် အကျဉ်းကျခံနေရခြင်း မဟုတ်ဘဲ ဖောက်ခွဲမှု၊ လူသတ်မှု စသည့် ပြစ်မှုပြစ်ဒဏ်များဖြင့် အကျဉ်းကျခံနေ ရသော အကျဉ်းသားများ ဖြစ်သည်။ ယင်း အကျဉ်းသားများနှင့်ပတ်သက်၍လည်း လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီ အဖွဲ့ဝင်များ ထဲတွင် အငြင်းပွားနေရကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။

ကျွန်တော်တို့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အကျဉ်းကျတဲ့သူတွေ ကျတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဆိုတဲ့ နာမည်နဲ့ မကိုက်တော့ ဒီကိစ္စကိုလည်း ဆွေးနွေးဖြစ်တယ် ဟု လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးစိုင်းညွန့်လွင် က The Mess enger Media သို့ ပြောသည်။

ယမန်နေ့က ကျင်းပခဲ့သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးပွဲတွင် ၂၀၁၃ ခုနှစ် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ ကိစ္စရပ်နှင့် ၂၀၁၄ ခုနှစ်တွင် အကျဉ်းကျခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စရပ်များ စသည့် ကိစ္စနှစ်ရပ်ကို ဆွေးနွေး ခဲ့ကြပြီး၊ ၂၀၁၄ ခုနှစ်တွင် အကျဉ်းကျ ခဲ့သော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေရန်အတွက် ကော်မတီအသစ် တစ်ရပ်ဖွဲ့ရန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊  ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတက နိုင်ငံရေးအကျဉ်းသားပုဒ်မ များနှင့် အကျဉ်း ကျခံနေရ သူများ၊ အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးရန် တရားရင်ဆိုင်နေရသူများ၊ တရားစွဲဆို ခံနေရသူများ၏ အမှုများကို ရုပ်သိမ်းပေးရန် ထုတ်ပြန်ခဲ့ပြီး အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခဲ့ သည်။

Messenger News Journal

No comments:

Post a Comment