Monday 28 July 2014

ကချင်ကျောက်စိမ်းလုပ်ကွက်များ သတ္တုတွင်းဝန်ကြီးဌာနက ပြန်လည် လုပ်ပိုင် ခွင့်ပြုသော် လည်း ဒေသခံအစိုးရနှင့် လက်နက်ကိုင် အဖွဲ့များက လုံခြုံရေးအာ မခံချက် နှုတ် ဆိတ်နေမှုအပေါ် လုပ်ငန်းရှင်များ စိုးရိမ်

ရန်ကုန်၊ ဇူလိုင် ၂၇- အပစ်အခတ် ကြောင့် နှစ်နှစ်ကျော် ရပ်နားခဲ့ရသည့် ကချင်ပြည်နယ်အတွင်းရှိ လုံးခင်း၊ ဖားကန့် ရတနာမြေ ၊ မော်လူးမော် ဟန်ရတနာမြေနှင့် ခန္တီးရတနာမြေ အတွင်းရှိ ကျောက်စိမ်းတူးဖော်မှုအား သတ္တုတွင်းဝန်ကြီးဌာနမှ တူးဖော် ခွင့် ပြန်လည်ပေးအပ်ခဲ့သော်လည်း ယင်းဒေသအတွင်းရှိ ပြည်နယ်အ စိုးရနှင့် ကချင်လက်နက်ကိုင်တို့မှ လုံခြုံရေးအာမခံ ချက်တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိခြင်းအပေါ် ကျောက် စိမ်း လုပ်ကွက်ကုမ္ပဏီများက စိုးရိမ်မိ ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ကချင် လွတ်မြောက်ရေးတပ်မတော်၊ ကချင် လွတ်မြောက်ရေး အဖွဲ့တို့နှင့် နှစ်ဦး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နိုင်မှု ကြောင့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ရာ နိုင်ငံရေး ဆွေးနွေး ပွဲပြုလုပ်ရန် လုပ်ဆောင် နေရာအေးချမ်း တည်ငြိမ်မှု ရရှိခြင်း ကြောင့် ကချင်ကျောက်စိမ်းလုပ်ကွက် များခွင့်ပြုသည်ဟုဆိုသော်လည်း KIO နှင့် KIA တို့မှ ယင်းနှင့်ပတ် သက်၍ယခုအချိန်အထိ တစ်စုံတ ရာမျှ ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း သိရသည်။

အောင်စည်းစိမ်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းရှင် ဦးအောင် ကြီးက ''အရင်က ကျောက်တူးဖော် ချိန်မှာ ဒေသခံအဖွဲ့ အစည်းတွေ က ဆက်ကြေးကောက်တာတွေရှိခဲ့ဖူး တယ်။ အခုလည်းသတ္တုတွင်း ဝန်ကြီး ဌာနက ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့လို့ ငြိမ်းချမ်းရေးကြောင့် ခွင့် ပြုတယ်ဆိုပေမယ့် တစ်ဖက် က KIO နှင့်  KIA တို့ဘက်က အခုချိန် ထိ ဘာမှမပြောဘူး။ ကချင်ပြည်နယ် အစိုးရဘက်ကလဲ ဘာမှမထုတ်ပြန်တဲ့ အတွက်လုပ်ငန်းရှင်အကုန်လုံး စိုး ရိမ်တယ်။ ရှေ့မှာဖြစ်သွားတုန်းက လဲ လုပ်ငန်း ရှင်တွေအတော်လေး အထိနာသွားပြီ'' ဟုဆိုသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရ တနာလုပ်ငန်းရှင်အသင်း စာရင်း များအရ အဆိုပါဒေသတွင် ကျောက် မျက် တူးဖော် သည့် ကုမ္ပဏီပေါင်း ၅၀၀ ကျော်မှ လုပ်ကွက်ပေါင်း ၁၅ဝဝကျော်အထိ တူးဖော်လုပ် ကိုင်ခဲ့ကြသော် လည်း နယ်မြေတည် ငြိမ်မှု အာမခံချက်အပေါ်မူတည်ကာ လုပ်ငန်းရှင်များက လုပ်ကိုင်သင့်မသင့် စဉ်းစားနေရကြောင်းသိရသည်။

ကျောက်မျက်ရတနာလုပ်ငန်း ရှင်အသင်းတွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ''လုပ်ငန်းရှင်ဆိုတာ ကတော့ တည်ငြိမ်မှပဲ အလုပ် လုပ်လို့ရတာ။ လုပ်ကွက်တွေနား လိုက်လို့ ကျောက်တွေလဲ အတော် လဲ ရှားခဲ့တာ။ အခုလုပ်ပိုင်ခွင့်ပြန် လည်ချပေးချိန်မှာ နယ်မြေတည် ငြိမ်မှုရှိဖို့ လုပ်ငန်းရှင်တိုင်း မျှော် လင့်တာ ပဲ''ဟု ဆိုသည်။

သတ္တုတွင်းဝန်ကြီးဌာန ထုတ် ပြန်ချက်အရ လာမည့်စက်တင်ဘာ လမှစတင်ကာ ကျောက်စိမ်းတူးဖော် ခွင့် ပြန်လည်ပေး အပ်မည်ဖြစ်သည်။

ကျောက်မျက်လုပ်ငန်းရှင် ဦးလဖိုင်ခွန်ဆာက ''လုပ်ငန်းလုပ်ဖို့ ဆိုရင် တည်ငြိမ် မှုကတော့ လိုအပ် တာပဲ။ ဒါကိုတော့ သက်ဆိုင်ရာ အဖွဲ့အ စည်းတွေ ကတော့ ဒါလေး တွေလုပ်ပေးရင်တော့ ကောင်း တာ ပေါ့''ဟုဆိုသည်။ ကချင်ပြည်နယ်အတွင်းရှိ လုံး ခင်း ၊ ဖားကန့်၊ ရတနာမြေ၊ မော်လူး မော်ဟန် ရတနာမြေနှင့် ခန္တီးရတ နာ မြေအတွင်းရှိ ကျောက်စိမ်းတူး ဖော်မှုအား သတ္တုတွင်း ဝန်ကြီးဌာန မှ ဇူလိုင် ၇ ရက်နေ့ ရက်စွဲဖြင့် တူး ဖော်ခွင့်ပြန်လည်ပေး အပ်ခဲ့ခြင်းဖြစ် သည်။

Yangon Media Group

No comments:

Post a Comment