Monday 7 July 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ဇနီးတို့က ဂုဏ်ပြု ညစာဖြင့် တည်ခင်း ဧည့်ခံ


ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့်ဇနီးတို့က ဇူလိုင် ၄ ရက် ဒေသ စံတော်ချိန် ည ၇ နာရီခွဲတွင် ဂုဏ်ပြုညစာ ဖြင့် တည်ခင်း ဧည့်ခံသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ရန် Siam Kempinski Hotel ၊ Chadra Ballroom သို့ ရောက်ရှိလာရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဇနီးတို့က ရိုးရာ ယဉ်ကျေးမှု အကများဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေနှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။ ညစာ မသုံးဆောင် မီနှင့် သုံးဆောင်နေစဉ် အတွင်း ထိုင်းဘုရင့် ရေတပ် တီးဝိုင်းနှင့် ထိုင်းရိုးရာ ယဉ်ကျေးမှု အဖွဲ့တို့မှ ထိုင်းရိုးရာ အကများ၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ကြသည်။

ညစာစားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှနှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ဇနီးတို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ပြီး ဖျော်ဖြေရေး အဖွဲ့ဝင်များအား ဂုဏ်ပြု အမှတ်တရ လက်ဆောင် များ ပေး အပ်ကာ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment