Monday 7 July 2014

လူ့အခွင့်အရေးဆုငွေ ကန်ဒေါ်လာတစ်သောင်းကို နိုင်ငံရေး အကျဉ်း သားထောက်ပံ့ငွေအဖြစ် အသုံးပြုမည်

ရန်ကုန်၊ ဇူလိုင် ၄- ကွယ်လွန်ပြီးဖြစ်သည့် ဟံသာဝတီဦးဝင်းတင်ရရှိခဲ့သည့် လူ့အခွင့် အရေးဆုမှ ဆုအဖြစ် ရရှိသည့်ငွေ အမေရိ ကန်ဒေါ်လာ တစ်သောင်းကို နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့ပေးရေး အတွက် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဇူလိုင် ၇ ရက်တွင် ပြု လုပ်မည့် သတင်းစာရှင်းလင်းပွဲကို ရွှေဂုံ တိုင်ရှိ တော်ဝင်နှင်းဆီငြိမ်းချမ်းရေး ခန်းမ၌ကျင်းပမည်ဖြစ်ကာ ကိုရီးယားသမ္မတ နိုင်ငံအခြေစိုက်The Truth Foundation နှင့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးဖြစ်ခဲ့သည်များကိုရှင်းလင်းပြောကြား မည်ဖြစ်သည်။

''ကျွန်တော်တို့ The Truth Foundation နဲ့ ဘယ်လို ရှေ့ ဆက်ပြီးပူး ပေါင်းဆောင် ရွက်မယ်ဆိုတာတွေ၊ ဒီဆုကို ဘာကြောင့်ပေးခဲ့တယ်ဆိုတာတွေ၊ ကျွန် တော်တို့ ဆုသွားယူတော့ ဘယ်လိုကြုံတွေ့ ရ တယ်ဆိုတာတွေကို လာမယ့် သတင်း စာရှင်းလင်းပွဲမှာရှင်းပြမှာပါ''ဟု ဟံသာဝ တီ ဦးဝင်းတင်ဖောင်ဒေး ရှင်းမှ ဗဟိုအလုပ် အမှုဆောင် အတွင်းရေးမှူး ဦးကျော်အောင် ကပြောသည်။

The Truth Foundation က (၄)ကြိမ်မြောက်ပေးအပ်သည့် လူ့အခွင့်အ ရေးဆု တွင် ပြည်ပနိုင်ငံသား အား ပေးအပ် ရာ မြန်မာနိုင်ငံက ပထမဆုံးရရှိသည့် အဖွဲ့ အစည်းဖြစ်သည်ဟုဆိုသည်။

အဆိုပါအဖွဲ့အစည်းမှ ဆုရွေး ချယ်ရာတွင် အာဏာရှင်စစ်အစိုးရ၏ ဖိနှိပ် မှုကြောင့် ဆင်းရဲဒုက္ခရောက်သူ၊ ညှဉ်းပန်း နှိပ်စက်ခံရသူများသည် အသက်မသေဘဲ ကျန်နေသူအား ကူညီထောက်ပံ့နေသူ (သို့ မဟုတ်) အဖွဲ့အစည်းကို ပေးအပ်ရခြင်းဖြစ် ကြောင်း The Truth Foundation ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဟံသာဝတီဦးဝင်းတင်သည် ၂ဝ၁၄ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကွယ်လွန် သွားခဲ့ပြီး ၄င်းမကွယ်လွန်ခင် က နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ မိသားစုဝင်များကို နှစ်လ တစ်ကြိမ် ငွေကြေး ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သူတစ်ဦးဖြစ်သည်။

Yangon Media Group

No comments:

Post a Comment