Monday 7 July 2014

မက်ဆီမှာ အာဂျင်တီးနားအတွက် သဲကန္တာရထဲက ရေဖြစ်ကြောင်း ဆက်ဘယ်လာဖွင့်ဟ

Photo: မက်ဆီမှာ အာဂျင်တီးနားအတွက် သဲကန္တာရထဲက ရေဖြစ်ကြောင်း ဆက်ဘယ်လာဖွင့်ဟ
Monday, July 7, 2014

အာဂျင်တီးနားအသင်းသည် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရသည့် ကမ္ဘာ့ဖလားကွာတား ဖိုင်နယ် ပွဲစဉ်တွင် ခက်ခက်ခဲခဲကစား ခဲ့ရစဉ် ဘယ်လ်ဂျီယံအသင်းအား အနိုင်ရရှိခဲ့ရာ၌ အာဂျင်တီးနား အသင်းခေါင်းဆောင်မက်ဆီမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် ခြေစွမ်း ပိုင်ဆိုင်ခဲ့ခြင်းကြောင့် အာဂျင်တီးနား အသင်းအတွက် သဲကန္တာရထဲက ရေ ဖြစ်ခဲ့ကြောင်း နည်းပြဆက်ဘယ်လာ က ဖွင့်ဟပြောကြားခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး ကစား သမားဆုကို လေးကြိမ်အထိ ရယူ ဆွတ်ခူးထားနိုင်ခဲ့သည့် လီယွန်နယ် မက်ဆီသည် ဘယ်လ်ဂျီယံအသင်း၏ ဂိုးပေါက်ကိုခြိမ်းခြောက်ရာတွင် သွင်း ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ အားနည်း ခဲ့သော်လည်း အာဂျင်တီးနားအသင်း တိုက်စစ်ပိုင်းအတွက်မူ ဗိသုကာပညာ ရှင်တစ်ဦးသဖွယ်စွမ်းဆောင်နိုင်ခဲ့သည်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင် ပွဲတွင် ဂိုးမမြူးခဲ့သော်လည်း အာဂျင် တီးနားအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် အသင်း ခေါင်းဆောင် မက်ဆီအား ကျေနပ် အားရမှုရှိကြောင်းလည်း နည်းပြ ဆက်ဘယ်လာက ပြောကြားခဲ့သည်။

ထို့ကြောင့် အာဂျင်တီးနားအသင်း သည် မက်ဆီ၊ ဒီမာရီယာစသည့် ကစားသမားများ၏ ဦးဆောင်မှုနှင့် အတူ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ၂ဝ၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီး ယင်းသို့ ဆီမီး ဖိုင်နယ်တက်လှမ်းလာနိုင်ခဲ့ခြင်း သည် အာဂျင်တီးနားအသင်းအတွက်၁၉၉ဝ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်တက်လှမ်းလာခဲ့ခြင်း လည်းဖြစ်သည်။ 

ဘရာဆီးလီးယား၌ ယှဉ်ပြိုင်ကစား ခဲ့သည့် အာဂျင်တီးနားအသင်းက ဘယ်လ်ဂျီယံအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ ဖလား ကွာတားဖိုင်နယ်တွင်တိုက်စစ်မှူး ဒီမာရီယာသည် ဒဏ်ရာ ပြဿနာကြုံခဲ့ ခြင်းကြောင့် နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားဆီမီး ဖိုင်နယ်ပွဲစဉ်တွင် ပါဝင်လာရန်မသေချာ သေးကြောင်း ¤င်း၏ ကိုယ်စားလှယ် ဖြစ် သူက ပြော ကြားခဲ့သည်။

သို့ရာတွင် အာဂျင်တီးနားအသင်း ဆေးဆရာဝန်များကမူ နယ်သာလန် အသင်းနှင့်ပွဲစဉ်တွင် ဒီမာရီယာလွဲချော် မည်လားဆိုသည့် အဖြေနှင့်ပတ်သက် ၍ အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိတွင် ဒဏ်ရာပြဿနာအား ဆေးစစ်မှုပြုလုပ်လျက်ရှိကြောင်းပြော ကြားခဲ့ပြီး ဒီမာရီယာမပါဝင်နိုင်ခဲ့ပါက မက်ဆီတစ်ဦးတည်းအပေါ် တည် မီလွန်းသည့် အာဂျင်တီးနားအသင်း အတွက် ကြီးမားသောထိုးနှက်ချက်တစ်ရပ်ဖြစ်လာနိုင်ကြောင်းလည်း ကျွမ်းကျင်သူအချို့က သုံးသပ်ထား သည်။

အာဂျင်တီးနားအသင်းနည်းပြ ဆက်ဘယ်လာအနေဖြင့်အာဂျင်တီးနား အသင်းအတွက် မက်ဆီသည်သာ သဲကန္တာရထဲကရေဖြစ်ကြောင်းချီးကျူး ပြောကြားထားသည်။ 

(ငွေကြယ်)
Myanmaalinn
အာဂျင်တီးနားအသင်းသည် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရသည့် ကမ္ဘာ့ဖလားကွာတား ဖိုင် နယ် ပွဲစဉ်တွင် ခက်ခက်ခဲခဲကစား ခဲ့ရစဉ် ဘယ်လ်ဂျီယံအသင်းအား အနိုင်ရရှိခဲ့ရာ၌ အာဂျင်တီးနား အသင်းခေါင်းဆောင်မက်ဆီမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် ခြေစွမ်း ပိုင်ဆိုင်ခဲ့ခြင်းကြောင့် အာဂျင် တီးနား အသင်းအတွက် သဲကန္တာရထဲက ရေ ဖြစ်ခဲ့ကြောင်း နည်းပြဆက်ဘယ်လာ က ဖွင့်ဟပြော ကြား ခဲ့ သည်။
ကမ္ဘာ့အကောင်းဆုံး ကစား သမားဆုကို လေးကြိမ်အထိ ရယူ ဆွတ်ခူးထားနိုင်ခဲ့သည့် လီယွန်နယ် မက်ဆီသည် ဘယ်လ်ဂျီယံအသင်း၏ ဂိုးပေါက်ကိုခြိမ်းခြောက်ရာတွင် သွင်း ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ အားနည်း ခဲ့သော်လည်း အာဂျင်တီးနားအသင်း တိုက်စစ်ပိုင်းအတွက်မူ ဗိသုကာပညာ ရှင်တစ်ဦးသဖွယ် စွမ်းဆောင်နိုင်ခဲ့သည်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင် ပွဲတွင် ဂိုးမမြူးခဲ့သော်လည်း အာဂျင် တီးနားအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် အသင်း ခေါင်းဆောင် မက်ဆီအား ကျေနပ် အားရမှုရှိကြောင်းလည်း နည်းပြ ဆက်ဘယ်လာက ပြောကြားခဲ့သည်။

ထို့ကြောင့် အာဂျင်တီးနားအသင်း သည် မက်ဆီ၊ ဒီမာရီယာစသည့် ကစားသမားများ၏ ဦးဆောင်မှုနှင့် အတူ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ၂ဝ၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပြီး ယင်းသို့ ဆီမီး ဖိုင်နယ်တက်လှမ်းလာနိုင်ခဲ့ခြင်း သည် အာဂျင်တီးနားအသင်း အတွက် ၁၉၉ဝ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်တက်လှမ်းလာခဲ့ခြင်း လည်းဖြစ် သည်။

ဘရာဆီးလီးယား၌ ယှဉ်ပြိုင်ကစား ခဲ့သည့် အာဂျင်တီးနားအသင်းက ဘယ်လ်ဂျီယံအသင်းအား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ ဖလား ကွာတားဖိုင်နယ်တွင်တိုက်စစ်မှူး ဒီမာရီယာသည် ဒဏ် ရာ ပြဿနာကြုံခဲ့ ခြင်းကြောင့် နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားဆီမီး ဖိုင်နယ် ပွဲစဉ် တွင် ပါ ဝင် လာရန်မသေချာ သေးကြောင်း ¤င်း၏ ကိုယ်စားလှယ် ဖြစ် သူက ပြော ကြားခဲ့သည်။

သို့ရာတွင် အာဂျင်တီးနားအသင်း ဆေးဆရာဝန်များကမူ နယ်သာလန် အသင်းနှင့်ပွဲစဉ်တွင် ဒီမာရီယာ လွဲချော် မည်လားဆိုသည့် အဖြေနှင့်ပတ်သက် ၍ အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိတွင် ဒဏ်ရာပြဿနာ အား ဆေးစစ်မှုပြုလုပ်လျက်ရှိကြောင်းပြော ကြားခဲ့ပြီး ဒီမာရီယာမပါဝင်နိုင်ခဲ့ပါက မက်ဆီတစ်ဦးတည်း အပေါ် တည် မီလွန်းသည့် အာဂျင်တီးနားအသင်း အတွက် ကြီးမားသောထိုးနှက်ချက် တစ်ရပ်ဖြစ် လာနိုင်ကြောင်းလည်း ကျွမ်းကျင်သူအချို့က သုံးသပ်ထား သည်။

အာဂျင်တီးနားအသင်းနည်းပြ ဆက်ဘယ်လာအနေဖြင့်အာဂျင်တီးနား အသင်းအတွက် မက်ဆီသည်သာ သဲကန္တာရထဲကရေဖြစ်ကြောင်းချီးကျူး ပြောကြားထားသည်။

(ငွေကြယ်)
Myanmaalinn

No comments:

Post a Comment