Monday 7 July 2014

ဝမ်းပျက်ဝမ်းလျှောနှင့် အဆုတ်ရောင်ဖြစ်သည့် ကလေးများ၏ လေးပုံတစ်ပုံ အသက်ဆုံးရှုံးဟုဆို

မြန်မာနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် အဆုတ်ရောင် ရောဂါများကြောင့် ရောဂါဖြစ်သည့် ကလေး များ၏ လေးပုံတစ်ပုံခန့်မှာ နှစ်စဉ် အသက်ဆုံးရှုံးလျက် ရှိကြောင်း ဇူလိုင်လ ၅ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်သော မြန်မာနိုင်ငံနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အသိ ပညာေ ပး ဟောပြော ပွဲမှ သိရသည်။
အရှေ့တောင်အာရှ နိုင်ငံများတွင် အဆိုပါ ရောဂါများကြောင့် သေဆုံးမှုသည် ၃၃ ရာခိုင်နှုန်း ရှိပြီး မြန် မာနိုင်ငံ တွင် ၂၅ ရာခိုင်နှုန်း ရှိသည်ဟု အမျိုးသားအဆင့် ကလေးသူငယ် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ မဟာဗျူဟာ စီမံကိန်းအရ သိရသည်။

ယင်လုံအိမ်သာ မသုံးစွဲခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်းနှင့် သန့်ရှင်းသည့် သောက်သုံးရေ မရရှိခြင်းတို့သည် ဝမ်းပျက်ဝမ်းလျှော ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်လွင်က ဆိုသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်မှု အမြင့်ဆုံး ရောဂါဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးငယ်များ သေဆုံးမှုမှာ မြင့်တက်လျက်ရှိသည်ဟု Save the Children အဖွဲ့အစည်း၏ တွေ့ရှိမှုအရ သိရသည်။

“ဒီရောဂါဖြစ်ပွားမှုကို ဆပ်ပြာနဲ့ လက်ဆေးတဲ့ အလေ့အကျင့် လုပ်ရုံနဲ့ လျှော့ချနိုင်ပါတယ်” ဟု ဦးကြည်လွင် က ဆိုသည်။

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို စီမံချက်ချ လုပ်ဆောင်လျက် ရှိသည်ဟု ၎င်းကဆိုသည်။

ဆပ်ပြာနှင့် လက်ဆေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုကို ၄၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး အခြေခံပညာကျောင်းရှိ ကျောင်းသား ကျောင်းသူ ၈ ဒသမ ၅ သန်းမှတစ်ဆင့် ကျန်းမာရေး အသိ ပညာပေးခြင်းကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန် လုပ်ဆောင်လျက် ရှိကြောင်း အဆိုပါပွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment