Monday 7 July 2014

အိမ်ခြံမြေလုပ်ငန်း အိမ်နီးချင်းနိုင်ငံများထိ ဈေးကွက်ထိုးဖောက်ရန် သမ္မတစီးပွားရေးအကြံပေး တိုက်တွန်း

မြန်မာနိုင်ငံရှိ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းများ (Real EstateService) ကို အိမ်နီးချင်းပြည်ပနိုင်ငံများ အထိ ဈေးကွက်ထိုးဖောက်သွားရန် နိုင်ငံတော်သမ္မတ၏ စီးပွားရေးဆိုင်ရာအကြံပေး ပါမောက္ခ ဒေါက် တာ အောင်ထွန်းသက်က ဇူလိုင် ၆ ရက်တွင် မြန်မာနိုင်ငံကုန်သည်/ စက်မှု အသင်း ချုပ်တွင် ပြုလုပ်သည့် အိမ်ခြံမြေ၀န်ဆောင်မှုအသင်း နှစ်နှစ်ပြည့် နှစ်ပတ်လည်ဟောပြောဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြား ခဲ့သည်။၂၀၁၁ ခုနှစ် အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့် လာ မှု နှင့်အတူ အိမ်ခြံမြေလုပ်ငန်းများပိုမိုထွန်းကား လာခဲ့ပြီး မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှု အသင်းတွင် အိမ် ခြံမြေလုပ်ငန်းလုပ်ကိုင်သူ ၂,၈၀၀ ဦးခန့် မှတ်ပုံတင်ထားသည်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်က “ မကြာခင်မှာAEC (အာဆီယံစီးပွား ရေးအသိုင်းအ၀န်း)က လာတော့ မယ်။ နိုင်ငံခြားကုမ္ပဏီတွေဝင်လာတော့မယ်။ သူတို့ဘက်ကလည်းလာခွင့်ရှိသလို ကိုယ်ဘက်က လည်းသွားလို့ရတယ်လေ။ သူတို့ လာမှာကိုပဲစဉ်းစားနေကြတယ်။ ကိုယ်သွားဖို့ ဘာလို့မစဉ်းစားကြတာ လဲ။ ကုမ္ပဏီတစ်ခုတည်းကမလုပ်နိုင်တောင်အသင်းက နေပေါင်းပြီးတော့ အိမ်ခြံမြေလုပ်ငန်းလုပ်ငန်းကို လုပ်နိုင်အောင် ၀ိုင်းပြီး စဉ်းစားပေး စေချင်တယ်။ မြန်မာပြည်မှာပဲအလုပ်ရှာနေတာအဓိပ်္ပာယ်မရှိဘူး ” ဟု ပြောသည်။

၂၀၁၃ ခုနှစ်မှစတင်ကာ ပြည်တွင်းအိမ်ခြံမြေဈေးကွက်သို့ နိုင်ငံ တကာအိမ်ခြံ မြေ၀န်ဆောင်မှုလုပ်ငန်းများ ၀င်ရောက်လာပြီး အာရှဒေသမှဟောင်ကောင်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှာ အိမ်ခြံမြေ၀န်ဆောင်မှုလုပ် ငန်း များဝင်ရောက်လာနေသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

အိမ်ခြံမြေအကြံပေးကုမ္ပဏီဖြစ်သည့် 777 Lux Group Co.,Ltd ၏ အမှုဆောင်အရာရှိချုပ် ဦးကောင်းမြတ် က “ နိုင်ငံတကာကိုထွက်မယ်ဆိုရင် ကျွန်တော်တို့ ပရောဂျက်တွေကို ပြည်ပမှာသွားရောင်းနိုင်ရမယ်။ပြည် ပမှာသွားရောင်းပြီးဆိုကတည်းက နိုင်ငံတကာစံနှုန်းနဲ့ ညီမှလည်း မျက်နှာပန်းလှမယ် ” ဟု ပြောသည်။

ကမ္ဘာအရပ်ရပ်၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ရောက်ရှိနေသည့် တိုင်းပြည် တွင် နေ ထိုင်ရန် အဆောက်အအုံများကို ၀ယ်ယူငှားရမ်းနိုင်မည့်ဝန်ဆောင်မှုများကိုဆောင်သင့် သည်ဟု လည်း ၎င်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment