Monday 7 July 2014

တရုတ် ရေခဲပြင်ခွဲ သင်္ဘော Xuelong မြောက်ဝင်ရိုးစွန်း ဒေသသို့ စူးစမ်း လေ့လာရေး ခရီး သွားရောက် မည်

တရုတ်နိုင်ငံ၏ ရေခဲပြင်ခွဲသင်္ဘော Xuelong သည် မြောက်ဝင်ရိုးစွန်း ဒေသသို့ ခြောက်ကြိမ်မြောက် စူး စမ်း လေ့လာရေးခရီး သွားရောက်ရန် ဇူလိုင် ၁၁ ရက်တွင် ရှန်ဟိုင်းမြို့ရှိ အခြေစိုက်စခန်းမှ ထွက်ခွာမည်ဟု သိရ သည်။
ပြည်ပနိုင်ငံမှ ကျွမ်းကျင်ပညာရှင် ခြောက်ဦးနှင့် တရုတ်(တိုင်ပေ)မှ ကျွမ်းကျင်ပညာရှင် တစ်ဦး ပါဝင်သည့် သိပ္ပံပညာရှင်အဖွဲ့နှင့် သင်္ဘောဝန်ထမ်း ၁၂၈ ဦးသည် Xuelong ရေခဲပြင်ခွဲ သင်္ဘောနှင့်အတူ အဆိုပါ ခရီးစဉ်၌ လိုက်ပါ မည်ဖြစ်သည်။

Xuelong ရေခဲပြင်ခွဲသင်္ဘော၏ ခရီးစဉ်သည် ၇၆ ရက် ကြာမြင့်မည်ဖြစ်ပြီး ၎င်းခရီးစဉ်သည် ဝင်ရိုး စွန်းဒေ သ အတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ဆောင်ရွက်ချက်များကို အဓိကထား ဆောင်ရွက် မည့် ခရီးစဉ်ဖြစ်ကြောင်း တရုတ်ဝင်ရိုးစွန်းဒေသ လေ့လာရေးသိပ္ပံတက္ကသိုလ်မှ တာဝန်ရှိသူများ က ပြော ကြားခဲ့သည်။

ဝင်ရိုးစွန်းဒေသ လေ့လာရေးအဖွဲ့သည် အာတိတ်သမုဒ္ဒရာအတွင်း ကာလတို စောင့်ကြည့်ရေးစခန်း ရှစ် ခုနှင့် ကာလရှည် စောင့်ကြည့်ရေး စခန်း တစ်ခုကို ဖွင့်လှစ်ထားရှိ သွားမည်ဖြစ်ကြောင်း သိပ္ပံပညာရှင် တစ် ဦးဖြစ်သူ ပန်ကျန်တီက ပြောကြားခဲ့သည်။

ကာလရှည် စောင့်ကြည့်ရေးစခန်း ထားရှိမည့်နေရာကို မဆုံးဖြတ်ရသေးကြောင်း၊ ရေခဲပြင်အခြေအနေကို စစ်ဆေးရဦးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ဝင်ရိုးစွန်းဒေသ လေ့လာရေးအဖွဲ့ သည် အယ်လ်နီညို မုန်တိုင်းများ ဝင်ရိုးစွန်းဒေသအား မည်ကဲ့သို့ ထိခိုက်နိုင်သည် ဆိုခြင်းကို ရှာဖွေ သွားမည် ဖြစ်ကြောင်း ပင်လယ်ပြင်နှင့် ရေခဲမှ အချက်အလက်များကို စုစည်းသွားမည်ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာ ရခြင်းကို လေ့လာသွား မည် ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ချူတန်ကျူက ပြော ကြားခဲ့ သည်။

မြ၀တီ

No comments:

Post a Comment