Sunday 6 July 2014

ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ

Photo: ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ
Sunday, July 6, 2014

မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်းအတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

 ‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း ပွဲကြည့် သူ ၂၀၀ ဝန်းကျင်လောက် ဇာတ် ခုံပေါ်တက်ကြည့်တာ ဖြစ်ပါ တယ်’’ဟု အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ တွဲဖက်မန်နေဂျာ ဦးကျော်ဦးကပြောသည်။

‘‘ဇာတ်ခုံပြိုကျမှုကြောင့် ဆပ်ကပ်ပွဲလာကြည့်သူတစ်ဦး ကျိုးတယ်။ ၁၅ ဦးဒဏ်ရာ အနည်းငယ်ရတယ်’’ဟု မုံရွာမြို့နယ် အလုံရပ် ကွက်နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဇာတ်ခုံပြိုကျမှုကြောင့် ဆပ် ကပ်အဖွဲ့တွင်ပါဝင်ဖျော်ဖြေလေ့ ရှိသည့် မျောက်လိမ္မာဖိုးပိန်သေ ဆုံးသွားကြောင်း အဆိုပါဆပ်ကပ် အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။

အဆိုပါ ဆပ်ကပ်အဖွဲ့တွင် ဆင်တစ်ကောင်၊ မြင်းတစ်ကောင်၊ ဆိတ်တစ်ကောင်၊ မျောက်နှစ် ကောင်နှင့်  လူ ၇၀ ခန့်ပါဝင်ကပြခဲ့ကြောင်းသိရှိရသည်။

ဆပ်ကပ်အဖွဲ့ဖျော်ဖြေနေစဉ် သံထည်ဇာတ်ရုံမှ ဇာတ်ခုံပြိုကျခဲ့ ခြင်းနှင့်ပတ်သက်၍ မုံရွာမြို့၊ အလုံရပ်ကွက်နယ်မြေခံရဲတပ်ဖွဲ့ စခန်းမှ စုံစမ်းစစ်ဆေးမှုများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily
မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်း အတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့ တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း
ပွဲကြည့် သူ ၂၀၀ ဝန်းကျင်လောက် ဇာတ် ခုံပေါ်တက်ကြည့်တာ ဖြစ်ပါ တယ်’’ဟု အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ တွဲဖက်မန်နေဂျာ ဦးကျော်ဦးကပြောသည်။

‘‘ဇာတ်ခုံပြိုကျမှုကြောင့် ဆပ်ကပ်ပွဲလာကြည့်သူတစ်ဦး ကျိုးတယ်။ ၁၅ ဦးဒဏ်ရာ အနည်းငယ်ရတယ်’’ဟု မုံရွာမြို့နယ် အလုံရပ် ကွက်နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဇာတ်ခုံပြိုကျမှုကြောင့် ဆပ် ကပ်အဖွဲ့တွင်ပါဝင်ဖျော်ဖြေလေ့ ရှိသည့် မျောက်လိမ္မာဖိုးပိန်သေ ဆုံးသွားကြောင်း အဆိုပါဆပ်ကပ် အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။

အဆိုပါ ဆပ်ကပ်အဖွဲ့တွင် ဆင်တစ်ကောင်၊ မြင်းတစ်ကောင်၊ ဆိတ်တစ်ကောင်၊ မျောက်နှစ် ကောင်နှင့် လူ ၇၀ ခန့်ပါဝင်ကပြခဲ့ကြောင်းသိရှိရသည်။

ဆပ်ကပ်အဖွဲ့ဖျော်ဖြေနေစဉ် သံထည်ဇာတ်ရုံမှ ဇာတ်ခုံပြိုကျခဲ့ ခြင်းနှင့်ပတ်သက်၍ မုံရွာမြို့၊ အလုံရပ်ကွက်နယ်မြေခံရဲတပ်ဖွဲ့ စခန်းမှ စုံစမ်းစစ်ဆေးမှုများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment