Monday 7 July 2014

ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင် ရွက်ပေး

Photo: ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင် ရွက်ပေး
Monday, July 7, 2014

ကျိုင်းတုံမြို့နယ် လွိုင်လုံကျေးရွာအုပ်စု တုံစီကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၉၈ ဦးအား တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းတွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေများကို တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးက ကြည့်ရှုအားပေးပြီး ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ ဒေသခံ ပြည်သူများ အသုံးပြုရန် အတွက် ဆေးရည်စိမ် ခြင်ထောင် ၅ဝ လုံး၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် စာအုပ် စာစောင်များ ထောက်ပံ့ ပေးအပ်သည်။

ထို့အပြင် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် နံနက်ပိုင်းတွင် တပ်မတော်သားများက ကျိုင်းတုံမြို့ အထွေထွေ ရောဂါကု ဆေးရုံ ဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကျိုင်းတုံမြို့နယ် လွိုင်လုံကျေးရွာအုပ်စု တုံစီကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၉၈ ဦးအား တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းတွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေများကို တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးက ကြည့်ရှုအားပေးပြီး ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကား ပြောကြားကာ ဒေသခံ ပြည်သူများ အသုံးပြုရန် အတွက် ဆေးရည်စိမ် ခြင်ထောင် ၅ဝ လုံး၊ ကျန်း မာရေး အထောက်အကူပြု ပစ္စည်းများနှင့် စာအုပ် စာစောင်များ ထောက်ပံ့ ပေးအပ်သည်။

ထို့အပြင် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် နံနက်ပိုင်းတွင် တပ်မတော်သားများက ကျိုင်းတုံမြို့ အထွေထွေ ရော ဂါကု ဆေးရုံ ဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို လိုက်လံ ကြည့် ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment