Monday 7 July 2014

အိုင်းရစ်အဆိုတော် ကာရိုးနှင့် လီဗာပူး ဂန္တဝင်ကစားသမား လန်ရက်ရှိတို့ ဒိတ်လုပ်တွဲနေ

အသက်၃ဝရှိပြီဖြစ်သည့် အိုင်းရစ်အဆိုတော် ကာရိုးအန်ထော်နီနှင့် လီဗာပူးအသင်း၏ ဝါရင့်ကစားသမား လန်ရက်ရှိနှင့် ဒိတ်လုပ်တွဲလျက် ရှိသည်ဟု daily mirror တွင်ရေးသား ထားသည်။
အသက်၅၂နှစ် ရှိပြီဖြစ်သော လန်ရက်ရှ်သည် ၎င်းကလေး ဘဝတည်းက အားပေးနှစ်ခြိုက်ခဲ့သော ကစား သမား တစ်ဦးဖြစ်ပြီး ၎င်းတို့တစ်မိသားစုလုံးကလည်း ၎င်း၏ ပရိသတ်ဖြစ်သည်ဟု အဆိုပါ အိုင်းရစ် အဆိုတော် က ပြောကြားခဲ့သည်။

ကာရိုးနှင့် လစ်ဗာပူး ဂန္တဝင်ကစားသမား လန်ရက်ရှ်တို့သည် အသက်၂၂နှစ် ကွာသော်လည်း ယင်းကိစ္စမှာ ၎င်းတို့ ကြားတွင် ပြဿ     နာမရှိဟု ကာရိုးကပြောကြား ထားကြောင်း Sunday People သတင်းစာတွင် ရေး သား ထားသည်။

“ကျွန်မက လီဗာပူးရဲ့ ထာဝရ ပရိတ်သတ်တစ်ဦးပါ ကျွန်မငယ်ငယ်တည်းက လန်ကစားတာကို ရုပ်သံကနေ အမြဲစောင့်ကြည့်ခဲ့ပါတယ်။ ကျွန်မတို့ တစ်မိသားစု လုံးကလဲ လီဗာပူးရဲ့ ပရိတ်သတ်တွေပါပဲ”ဟု အိုင်းရစ်မော်ဒယ် တစ် ဦးဖြစ် သလို ပေါ့ပ် အဆိုတော် တစ်ဦးလည်း ဖြစ်သော ကာရိုးကပြောကြားခဲ့သည်။

ရက်ရှ်သည် ကလေးနှစ်ဦး မိခင်ထရေစီနှင့်၂ဝ၁၂ခုနှစ်က လမ်းခွဲခဲ့သည့် ကိစ္စနှင့် ပတ်သတ်၍ ကာရိုးမှာ ပြစ်တင်ဝေဖန် ခံခဲ့ရသော်လည်း ၎င်းသည် လွတ်လပ်ပြီး ကြံ့ခိုင်သည့် အမျိုးသမီး တစ်ဥိးဖြစ်၍ မည်သူ့ အထောက်အပံ့ကိုမျှ မလိုဟုလည်း ကာရိုးက Sunday People သတင်းစာကို ပြောကြားခဲ့သည်။ လန်နှင့် ကာရိုးတို့ နှစ်ဦးသည် အတူတကွ နေထိုင်ခဲ့သည်မှာ ၁၈လခန့်ပင် ရှိပြီဖြစ်သည်ဟု ဝန်ခံပြောကြား ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment