Monday 7 July 2014

ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်မည့် ၅၂နှစ်မြောက် ကျောင်းသား လှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်း အနား ရန်ကုန်တက္ကသိုလ်၏ခွင့်ပြုချက်မရ

ရန်ကုန် တက္ကသိုလ်တွင်ပြုလုပ်မည့် ၅၂ နှစ် မြောက်ကျောင်းသား လှုပ်ရှားမှု သမိုင်း ပြန်လည်ဖော်ဆောင် သည့် အနေဖြင့် တက္ကသိုလ်အတွင်းသေဆုံးခဲ့သည့် ကျောင်းသားများအား အလေးပြု ကာလွမ်းသူ့ပန်းခွေ ချမည့် အစီအစဉ် အတွက် ရန်ကုန်တက္ကသိုလ်မှ တရား ဝင်ခွင့်ပြုချက်မရရှိကြောင်း ဗမာနိုင်ငံ လုံးဆိုင် ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဒီမိုကရေစီတူဒေးသို့ပြော သည်။
၁၉၆၂ခုနှစ်၊ ဇူလိုင်ရရက်တွင် ကျဆုံးခဲ့ကြသည့် ကျောင်းသားများ အတွက် ဂုဏ်ပြုအောက်မေ့ဖွယ်အ ဖြစ် ရန်ကုန်တက္ကသိုလ် အတွင်းရှိ ယခင်ကျောင်းသားသမဂ္ဂအဆောက် အအုံရှေ့တွင် အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချကာ ဂုဏ်ပြုအောက် မေ့ဖွယ်ပြုလုပ် မည့် အစီအစဉ်ကို ရန်ကုန်တက္ကသိုလ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တရားဝင်ခွင့် ပြုရန် တောင်းခံခဲ့သော်လည်း ခွင့် ပြုမှုမရရှိခဲ့ခြင်းဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌဦး ကျော်ကိုကို က''ရန်ကုန်တက္ကသိုလ် ထဲမှာ နှစ်တိုင်း လုပ်ခွင့် ရဖို့ကြိုးစား ခဲ့ပေမယ့် တစ်နှစ်မှမရခဲ့ဘူး။ ခုဒီနှစ်လဲ ခွင့်မပြုပြန်ဘူး။ ဒါပေမဲ့ ရန်ကုန် တက္ကသိုလ်ထဲမှာ အမှန်တကယ်ဖြစ် ခဲ့တဲ့ သမိုင်းဖြစ်ခဲ့တဲ့အတွက် ကျွန်တော် တို့ကတော့ ဒီသမိုင်း ကိုပြန်လည်ဖော် ဆောင်မှာပဲ။ ခွင့်မပြုလဲလုပ်သွားဖို့ ရှိတယ်''ဟု ပြောသည်။

ကျောင်းသားသမဂ္ဂများသည် ဆန္ဒပြတောင်းဆိုခြင်းမဟုတ်ကြောင်း၊ လမ်းလျှောက်ချီတက်ခြင်းလည်း မဟုတ်ဘဲ သမိုင်းကိုပြန် လည်ဖော် ဆောင်ကာ ကျောင်းသားလှုပ်ရှားမှု တွင်ကျဆုံးခဲ့ကြ သည့် ကျောင်း သား ဟောင်း များနှင့် ၁၉၆၂ ခုနှစ်တွင် ဗုံးခွဲကာဖျက်ဆီးခံခဲ့ရ သည့် ကျောင်း သားသမဂ္ဂအဆောက်အအုံ တို့အ တွက် အလေးပြုခြင်းနှင့် လွမ်းသူ့ပန်း ခွေများချကာ ဂုဏ်ပြုရန်အတွက် လုပ်ဆောင်ခြင်း သာဖြစ်ကြော င်း၊ ထိုသို့လုပ်ဆောင်ခြင်းအတွက် ဖြစ် ပေါ် လာမည့် ပြဿနာများကိုလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဦး ကျော်ကိုကိုက ဆက်ပြောသည်။

အဆိုပါ ၅၂ နှစ်မြောက်အခမ်း အနားကို မြန်မာတစ်နိုင်ငံလုံးအ တိုင်းအတာအရ အမြို့မြို့အနယ် နယ်ရှိ ခရိုင်ကျောင်းသား သမဂ္ဂများ မှ တစ်နိုင်ငံလုံး၌ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြင်ဦး လွင်မြို့နယ်တွင်လည်း ကျယ်ပြန့် စွာလုပ်ဆောင်သွားရန်ရှိကြောင်း လည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။ 

၅၂ နှစ်မြောက်အောက်မေ့ဖွယ် အခမ်းအနားများကို ဗကသအဖွဲ့မှ ဇူလိုင် ရ ရက်၌ ပြည်လမ်းစိုက် ပျိုးရေး မှတ်တိုင် တွင် စုရပ်အဖြစ် သတ် မှတ်ကာ ရန်ကုန်တက္ကသိုလ်ရှိ ယခင် ကျောင်းသားသမဂ္ဂအဆောက် အအုံရှေ့တွင် ပြုလုပ် သွားမည်ဖြစ်ပြီး ယင်းနည်းတူ၊ တက္ကသိုလ်ကျောင်း သားများသမဂ္ဂ (တကသ)ကျောင်း သား သမဂ္ဂအဖွဲ့များမှလည်း မွန်းလွဲ ၂နာရီတွင် ပြည်လမ်း အင်းလျား ကန်ပေါင်တွင် စုရပ်အဖြစ်သတ် မှတ်၍ ရန်ကုန်တက္ကသိုလ်ရှိ ယခင် ကျောင်းသား သမဂ္ဂအဆောက်အအုံ ရှေ့တွင် ပင်အောက်မေ့ဖွယ် အခမ်း အနားကိုပြုလုပ်မည် ဖြစ်သည်။ 

ခွင့်ပြုမိန့်မရရှိခြင်းနှင့်ပတ်သက် ၍ ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအောင်သူအားဆက် သွယ်မေးမြန်းသော်လည်း ဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပတွင်သာ ရောက်ရှိမှု ဆက်သွယ်မှုမရရှိ ခဲ့ပေ။

၂၀၁၃ ခုနှစ်ကလည်း ၅၁နှစ် မြောက်အောက်မေ့ဖွယ်အခမ်းအနား ကိုလည်း မုံရွာ၊ ဗန်းမော်၊ ရန် ကုန် တောင်ပိုင်းခရိုင်၊ မန္တလေးအစရှိသည့် ကျောင်းသားသမဂ္ဂများမှ လည်း အောက်မေ့ဖွယ် အခမ်း အနား များ ကိုလည်း ကျင်းပခဲ့ကြသည်။

၁၉၆၂ ခုနှစ်ဇူလိုင် ၇ ရက်မှာ လည်း တော်လှန်ရေးကောင်စီအစိုး ရခေါင်းဆောင်များမှ တက္ကသိုလ် ကျောင်း သား သမဂ္ဂ အဆောက် အအုံ အား ဗုံးခွဲဖျက်ဆီးခဲ့ပြီး ရန်ကုန် တက္ကသိုလ်မန္တလေးအဆောင်ရှေ့ တွင် ကျောင်းသားရာချီပြီး ပစ်သတ် ခံခဲ့ရကြောင်း၊ ယင်းကျောင်းသားများ အတွက် အောက်မေ့ဖွယ်အခမ်းအ နားကို ကျောင်းသားသမဂ္ဂအဖွဲ့အ စည်းများမှ နှစ်စဉ်ကျင်းပနေခြင်းဖြစ် ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment