Monday 7 July 2014

ပူတာအိုက လာတဲ့ သဘာဝစစ်စစ် Grapefruit ဖျော်ရည်နဲ့ယို

 Photo: ပူတာအိုက လာတဲ့ သဘာဝစစ်စစ် Grapefruit ဖျော်ရည်နဲ့ယို
Monday, July 7, 2014 

ဓာတုဆေးတွေ၊ နည်းပညာတွေနဲ့ မွမ်းမံထားတဲ့ သစ်သီးတွေ၊ အစားအစာတွေ တမိုးလုံးဖျောက်ဆိပ် ဖြစ်နေချိန်မှာ ကချင်ပြည်နယ် ပူတာအိုရဲ့ ထွက်ကုန် Grapefruit ကနေ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ အော်ဂဲနစ် အစားအစာတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။

စီးပွားဖြစ်စိုက်ခင်းတွေရဲ့ ပုံစံအတိုင်း ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ မသုံးပဲ မိရိုးဖလာအတိုင်း ရဝမ်တိုင်းရင်းသားတွေ စိုက်ပျိုးတဲ့စိုက်ခင်းတွေကနေ ထွက်ရှိလာတဲ့ Grapefruit သီးတွေကနေ ထုတ်လုပ်ထားတဲ့ Grapefruit Juice နဲ့ ယိုပါ။ အခုလို သဘာဝစစ်စစ် သစ်သီးတွေ ရှားပါးလာလို့ ဒီလို အော်ဂဲနစ်ပစ္စည်းတွေ ထုတ်ဖို့ စိတ်ကူးရလာတယ်လို့ မေရီဆန်းက ပြောပါတယ်။

ဖျော်ရည်နဲ့ ယိုကို ထုတ်လုပ်တာ ၂နှစ်လောက်ရှိပြီး မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေးကနေ အခုတော့ ဈေးကွက်ဝယ်လိုအားများလာလို့ ထုတ်လုပ်ရေးမှာ အခက်အခဲရှိပေမယ့် သဘာဝစစ်စစ် ဖျော်ရည်နဲ့ ယိုရဲ့ အရည်အသွေးကိုပဲ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ထုတ်ကုန်တွေက ရာနှုန်းပြည့် သဘာဝစစ်စစ်ပါလို့ ပြောပါတယ်။

ပူတာအိုမှာပေါက်တဲ့ Grapefruit မျိုးရင်းဟာ ပူတာအိုနဲ့ ရာသီဥတုတူတဲ့ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားမှာ ထွက်ရှိတဲ့ မျိုးရင်းဖြစ်ပြီး ၁၉၃၃မှာ အမေရိကန်ခရစ်ယာန် သာသနာပြု Morse Family က Grapefruit ကို ကိုင်းကူးတဲ့စနစ်နဲ့ မျိုးပွားပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်နဲ့ မုံရွာ၊ ဟုမ္မလင်း ဒေသတွေမှာ ပေါက်ပေမယ့် ပူတာအိုက Grapefruit က အကောင်းဆုံးလို့ ဆိုပါတယ်။

အခုတော့ ပူတာအိုက Grapefruit ဖျော်ရည်နဲ့ ယိုစုံဟာ ရန်ကုန်စီးတီးမတ်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။ ပူတာအိုဒေသခံတွေက အသက်ရှည်ဆေးလို့ တင်စားနေတဲ့ Grapefruit ဟာ သွေးတိုးကျစေပြီး နှလုံးနဲ့ အစာအိမ်အတွက် အထောက်အပံ့ဖြစ်သလို ဗီတာမင်စီပါဝင်လို့ အသားအရေလှပဖို့လည်း သုံးနိုင်သလို ကိုယ်အလေးချိန်လျှော့ဖို့လည်း သုံးစွဲနိုင်တယ်လို့ ပြောပါတယ်။

Kamayut Media
ဓာတုဆေးတွေ၊ နည်းပညာတွေနဲ့ မွမ်းမံထားတဲ့ သစ်သီးတွေ၊ အစားအစာတွေ တမိုးလုံးဖျောက် ဆိပ် ဖြ စ်နေ ချိန်မှာ ကချင်ပြည်နယ် ပူတာအိုရဲ့ ထွက်ကုန် Grapefruit ကနေ သဘာဝအတိုင်း ထုတ်လုပ်ထား တဲ့ အော်ဂဲနစ် အစားအစာတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။
စီးပွားဖြစ်စိုက်ခင်းတွေရဲ့ ပုံစံအတိုင်း ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ မသုံးပဲ မိရိုးဖလာအတိုင်း ရဝမ် တိုင်းရင်းသားတွေ စိုက်ပျိုးတဲ့စိုက်ခင်းတွေကနေ ထွက်ရှိလာတဲ့ Grapefruit သီးတွေကနေ ထုတ်လုပ် ထားတဲ့ Grapefruit Juice နဲ့ ယိုပါ။ အခုလို သဘာဝစစ်စစ် သစ်သီးတွေ ရှားပါးလာလို့ ဒီလို အော်ဂဲနစ် ပစ္စည်းတွေ ထုတ်ဖို့ စိတ်ကူးရလာတယ်လို့ မေရီဆန်းက ပြောပါတယ်။

ဖျော်ရည်နဲ့ ယိုကိုထုတ်လုပ်တာ ၂နှစ်လောက်ရှိပြီး မိသားစု တစ်နိုင်တစ်ပိုင် စီးပွားရေးကနေ အခုေ တာ့ ဈေးကွက်ဝယ်လိုအားများလာလို့ ထုတ်လုပ်ရေးမှာ အခက်အခဲရှိပေမယ့် သဘာဝ စစ်စစ် ဖျော်ရည်နဲ့ ယိုရဲ့ အရည်အသွေးကိုပဲ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ထုတ်ကုန်တွေက ရာနှုန်းပြည့် သဘာဝ စစ်စစ်ပါလို့ ပြောပါတယ်။

ပူတာအိုမှာပေါက်တဲ့ Grapefruit မျိုးရင်းဟာ ပူတာအိုနဲ့ ရာသီဥတုတူတဲ့ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားမှာ ထွက်ရှိတဲ့ မျိုးရင်းဖြစ်ပြီး ၁၉၃၃မှာ အမေရိကန်ခရစ်ယာန် သာသနာပြု Morse Family က Grapefruit ကို ကိုင်းကူးတဲ့စနစ်နဲ့ မျိုးပွားပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်နဲ့ မုံရွာ၊ ဟုမ္မလင်း ဒေသတွေမှာ ပေါက်ပေမယ့် ပူတာအိုက Grapefruit က အကောင်းဆုံးလို့ ဆိုပါတယ်။

အခုတော့ ပူတာအိုက Grapefruit ဖျော်ရည်နဲ့ ယိုစုံဟာ ရန်ကုန်စီးတီးမတ်တွေမှာ အလွယ်တကူ ဝယ် ယူနိုင် ပါပြီ။ ပူတာအိုဒေသခံတွေက အသက်ရှည်ဆေးလို့ တင်စားနေတဲ့ Grapefruit ဟာ သွေးတိုး ကျစေပြီး နှလုံးနဲ့ အစာအိမ်အတွက် အထောက်အပံ့ဖြစ်သလို ဗီတာမင်စီပါဝင်လို့ အသားအရေလှပဖို့လည်း သုံးနိုင်သလို ကိုယ်အလေးချိန်လျှော့ဖို့လည်း သုံးစွဲနိုင်တယ်လို့ ပြောပါတယ်။

Kamayut Media

No comments:

Post a Comment