Monday 7 July 2014

မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရေနံတင် ယာဉ်အစီး(၄၀၀)

Photo: မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရေနံတင် ယာဉ်အစီး(၄၀၀)
Monday, July 7, 2014

အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပြင်ဘက်မှာ ရှိတဲ့ ရေနံတင်ယာဉ်တွေကို တာလီဘန်သူပုန်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ
ဖြစ်ပါတယ်။ သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ လူသေဆုံးမှုရှိမရှိကိုတော့အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို တစ်ညလုံးငြှိမ်းသတ်ခဲ့ပေမယ့် စနေနေ့ မနက်ထိတောက်လောင်နေခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်ယာဉ် တွေဟာ နေတိုးအဖွဲ့ဆီကို လောင်စာပို့ပေးနေတာဖြစ်ပြီး ရပ်နားထားချိန်မှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

အာဖဂန်တာဝန်ရှိသူတစ်ဦးကတော့ ကာဘူးလ်မြို့အပြင်ဘက်မှာ ရပ်နားထားတဲ့ လောင်စာတင်ကား အနည်းဆုံး(၄၀၀)လောက် မီးလောင်တဲ့အထဲမှာ ပါသွားခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။ တာလီဘန်ဘက်က ပြောခွင့်ရပုဂ်္ဂိုလ်တစ်ဦးကတော့ သူတို့ဟာ နိုင်ငံခြားတပ်တွေကို ထောက်ပံ့နေတဲ့ လောင်စာယာဉ်တွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နေတိုးလောင်စာတင်ယာဉ်တွေကို တိုက်ခိုက်ခံရတာဟာ ပါကစ္စတန်မှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အာဖဂန်နစ္စတန်မှာတော့ ဖြစ်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကလဲ ကာဘူးလ်မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးစစ်အရာရှိ ရှစ်ဦးသေဆုံးခဲ့ပါတယ်။ အာဖဂန်နစ္စတန်ဟာ ရွေးကောက်ပွဲရဲ့ရလဒ်ကတော့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး မဲလိမ်မှုအရေအတွက် အလွန်များပြား နေတာကြောင့် ရွေးကောက်ပွဲကော် မရှင်က ပြန်လည်ရေတွက်မှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV-4
အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပြင်ဘက်မှာ ရှိတဲ့ ရေနံတင်ယာဉ်တွေကို တာလီဘန်သူပုန်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ လူသေ ဆုံးမှု ရှိမရှိကိုတော့အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို တစ်ညလုံးငြှိမ်းသတ်ခဲ့ပေမယ့် စနေနေ့ မနက်ထိတောက်လောင်နေခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ ရတဲ့ ရေနံတင်ယာဉ် တွေဟာ နေတိုးအဖွဲ့ဆီကို လောင်စာပို့ပေးနေတာဖြစ်ပြီး ရပ်နားထားချိန်မှာ တိုက် ခိုက်ခံရတာ ဖြစ်ပါတယ်။
အာဖဂန်တာဝန်ရှိသူတစ်ဦးကတော့ ကာဘူးလ်မြို့အပြင်ဘက်မှာ ရပ်နားထားတဲ့ လောင်စာတင်ကား အနည်းဆုံး (၄၀၀)လောက် မီးလောင်တဲ့အထဲမှာ ပါသွားခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။ တာလီဘန် ဘက်က ပြောခွင့်ရပုဂ်္ဂိုလ်တစ်ဦးကတော့ သူတို့ဟာ နိုင်ငံခြားတပ်တွေကို ထောက်ပံ့နေ တဲ့ လောင်စာ ယာဉ်တွေ ကို ရွေးချယ်တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။ နေတိုးလောင်စာတင် ယာဉ်တွေ ကို တိုက်ခိုက်ခံရတာဟာ ပါကစ္စတန်မှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အာဖဂန်နစ္စတန် မှာတော့   ဖြစ် ခဲ တဲ့ ကိစ္စဖြစ် ပါတယ်။

ဗုဒ္ဓဟူးနေ့ကလဲ ကာဘူးလ်မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးစစ်အရာရှိ ရှစ်ဦးသေဆုံးခဲ့ ပါ တယ်။ အာဖဂန်နစ္စတန်ဟာ ရွေးကောက်ပွဲရဲ့ရလဒ်ကတော့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး မဲလိမ်မှုအရေအတွက် အလွန်များပြား နေတာကြောင့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရေတွက်မှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV-4

No comments:

Post a Comment