Monday 7 July 2014

မြန်မာ့လေကြောင်းဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့စေလွှတ်မည်

မြန်မာ့လေကြောင်းမှ ဇူလိုင်နောက်ဆုံးပတ်မှ သြဂုတ်ဒုတိယပတ်အတွင်း အရာထမ်း၊ အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ တက်ရောက်ရန်အတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်မည်ဖြစ် သည် ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်)ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာ့လေကြောင်းက လာမည့် (၂၀၁၅)ခုနှစ် ဇွန်လတွင် စတင်ပျံသန်းပြေးဆွဲမည့် ပြည် ပလေကြောင်းလိုင်း Boeing Project အတွက် Boeing လေယာဉ်(၁၀)စင်းကို အမေရိကန်နိုင်ငံ GECAS မှ ငှားရမ်းသွားမည်ဖြစ်ပြီးထပ်မံ၍ပြင်သစ်နိုင်ငံရှိ ATR ကုမ္ပဏီမှ ATR 62 /600 လေယာဉ်(၆)စင်းအား ဝယ်ယူသွားမည်ဖြစ်ရာ ထိုငှားရမ်းဝယ်ယူလေယာဉ်များအတွက် ကျွမ်းကျင် စွာမောင်းနှင်ခြ င်းနှင့်ပြုပြ င်ဆောင် ရွ က်ခြင်းများ ဆောင်ရွက်နိုင်စေရန်မြန်မာ့လေကြောင်းမှ အမှုထမ်း၊ အရာထမ်းများကို စွမ်းဆောင်ရည်မြှင့်သင်တန်းများ တက်ရောက်ရန် ပြည်ပနိုင်ငံများသို့ စေလွှတ်သွားမည်ဖြစ်သည်ဟု သိရသည်။

(၂၀၁၄)ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်မှ မတ်(၁)ရက်ထိ အမေရိကန်နိုင်ငံ General Electric ကုမ္ပဏီ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဖိုရမ်သို့ လည်းကောင်း၊ (၂၀၁၄)ခုနှစ် ဇန်နဝါရီမှ ဇွန်လထိ အမေရိကန်နိုင်ငံ Boeing ကုမ္ပဏီမှ Boeing ၏ လေယာဉ်နှင့်ပတ်သက်သည့် သင်တန်းခြောက်ခုသို့လည်းကောင်း၊ Avia Solution သင်တန်း(၆)ကြိမ်၊ Technical နှင့်ပတ်သက်သည့် သင်တန်း (၃)ကြိမ်နဲ့ATR လေယာဉ်ဆိုင်ရာ အစည်းအဝေး(၅)ကြိမ်တို့တွင် မြန်မာ့လေကြောင်း မှ အဆင့်မြင့်အရာရှိကြီးများနှင့် လေယာဉ်အမှုထမ်း အရာထမ်းများတက်ရောက်ခဲ့ကြသည်ဟု မြန်မာ့လေကြောင်းတာဝန်ရှိသူတစ်ဦးထံကသိရသည်။

SkyNet TV Browser

No comments:

Post a Comment