Monday 7 July 2014

ဖက်ဒရယ်ဒီမိုကရက်တစ်စနစ်အား အခြေခံသည့် ဖွဲ့စည်းပုံဖြစ်ပေါ် လာရေးနှင့် လေးပွင့်ဆိုင်ဆွေးနွေးမှု ဖြစ်ပေါ်လာရေး အတွက် အင်န်အယ်လ်ဒီနှင့် စီအာပီပီတို့အကြား သဘောတူ

၂၀၀၈ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်ရာတွင် ဖက်ဒရယ် ဒီမိုကရက်တစ် စနစ်ကိုအခြေခံ သည့် ဖွဲ့စည်းပုံမျိုး ဖြစ် ပေါ်လာစေ ရန်အတွက် ပူးပေါင်း ဆောင်ရွက်သွားရန်၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲများ ပြုလုပ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင်ရန်မှာ အရေးကြီးသည့်အတွ က် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး (သို့မဟုတ်) နိုင်ငံရေးဆွေးနွေး ပွဲများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လာရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် အပါအဝင် အချက် လေးချက်ပါ သဘောတူညီချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်နှင့် ၉၀ ရွေး ကောက်ပွဲ အနိုင်ရနိုင်ငံရေးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထား သည့် ပြည် သူ့လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြု ကော် မတီ CRPP တို့အကြား သဘော တူညီခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ဦးနိုင်ထွန်းမင်း၊ ဦးကျင်ရှင့်ထန် စသည့် CRPP အဖွဲ့ဝင်များသည် ဇူလိုင် ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းအ ချက် လေးချက်ကို သဘောတူညီခဲ့ ခြင်းဖြစ်သည်ဟု CRPP အဖွဲ့မှ အတွင်းရေးမှူး ဦးအေးသာအောင် က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြော ဆိုသည်။

''၂၀၀၈ကိုပြင်ရာမှာ ဖက်ဒရယ် ဒီမိုကရက်တစ်စနစ်ကို အခြေခံတဲ့ အနေအထားအထိ ရောက်အောင် ပြင်ဖို့ သဘောတူတယ်။ ဒါမှလဲ ပြည် တွင်းငြိမ်းချမ်းရေးတို့၊ တိုင်းရင်းသား အခွင့်အရေးပြဿနာတွေကို ဖြေရှင်း နိုင်မှာဖြစ်တယ်''ဟု ဦးအေးသာအောင် က ပြောသည်။
ကျန်ရှိသည့်အချက် နှစ်ချက်မှာ ပီအာရ်ခေါ် အချိုးကျကိုယ်စားပြုရွေး ကောက် ပွဲစနစ်အား အသုံးပြုခြင်းမရှိ စေရန်နှင့် ရွေးကောက် ပွဲကော်မရှင် မှရေးဆွဲ မည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများသည် ဒီမိုကရေစီ စနစ် နှင့်ကိုက် ညီသည့် ဥပဒေများ ဖြစ်ပေါ် လာရေးအတွက်ဖြစ်ကြောင်း သိရ သည်။
''လေးပွင့်ဆိုင်က ကျွန်တော်တို့ အတွေ့အကြုံအရ တပ်မတော်က နိုင်ငံ ရေးမှာ ၆၂ခုနှစ်ကတည်းက ပါလာတာ ဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါမှ ဖြစ်မှာမို့လို့ပါ။ အဲဒီ အတွက်လဲ အာမခံချက် လို ချင်ပါ တယ်'' ဟု ဦးအေးသာအောင်က ပြောသည်။
CRPP ကို ၉ဝရွေးကောက်ပွဲ အနိုင်ရပါတီများ၏ ခေါင်းဆောင်များ ဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်မှာ အဖွဲ့ဝင်အဖြစ် ပါဝင် နေသည်။
ယင်းအဖွဲ့ကို ၁၉၉၈ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၉ဝရွေးကောက် ပွဲတွင် အဖွဲ့ဝင်ပါတီများအနေဖြင့် အနိုင်ရရှိခဲ့သော်လည်း လွှတ်တော် ခေါ် ယူပေးခြင်း မရှိမှုနှင့် အာဏာလွှဲ ပြောင်းပေးခြင်းမရှိမှုတို့ကြောင့် ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment