Monday 7 July 2014

အနောက်နိုင်ငံလုပ် တန်ဖိုးကြီး လက်ပတ်နာရီ ဝတ်ဆင်ခဲ့သဖြင့် ISIS ခေါင်းဆောင် လှောင်ပြောင်ခံနေရ

Photo: အနောက်နိုင်ငံလုပ် တန်ဖိုးကြီး လက်ပတ်နာရီ ဝတ်ဆင်ခဲ့သဖြင့် ISIS ခေါင်းဆောင် လှောင်ပြောင်ခံနေရ
Monday, July 7, 2014 

အနောက်နိုင်ငံများကို ပြင်းထန်စွာ ရှုတ်ချဝေဖန်နေစဉ် အနောက်နိုင်ငံထုတ် တန်ဖိုးကြီး လက်ပတ်နာရီတစ်လုံး ဝတ်ဆင်ထားသည့် ISIS အဖွဲ့ခေါင်းဆောင်မှာ Social Media များပေါ်တွင် လှောင်ပြောင်မှုများနှင့် ကြုံနေရသည်။

ဆီးရီးယားနှင့် အီရတ်တို့မှ နယ်မြေအများအပြားကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ပြောင်းလဲထူထောင်ကြောင်း ကြေညာထားသည့် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီသည် ပုန်းလျှိုးကွယ်လျှိုး ရှိနေရာမှ ယခုအခါ လူမြင်သူမြင် ထွက်ပေါ်လာပြီ ဖြစ်သည်။

မိမိကိုယ်ကိုယ် ကမ္ဘာပေါ်ရှိ မွတ်လဆင် (၁.၂)ဘီလျံ၏ ကိုယ်စားပြုရာ နိုင်ငံခေါင်းဆောင် အနေဖြင့် ကြေညာထားသည့် ဘဂ္ဂဒက်ဒီသည် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် မိုဆူးလ်ရှိ ဗလီကြီးတွင် (၂၁)မိနစ်ကြာ မိန့်ခွန်းပြောခဲ့ပြီး ယင်းကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုတွင် ၎င်း၏လက်၌ Rolex သို့မဟုတ် Sekonda အမျိုးအစား လက်ပတ်နာရီတစ်လုံး ပတ်ထားသည်ကို တွေ့ရသည်။ အဆိုပါ နာရီတစ်လုံး၏ ပျမ်းမျှတန်ဖိုးသည် ပေါင်စတာလင် (၄၀၀၀)မျှထိ ရှိနေသည်။

ဘဂ္ဂဒက်ဒီက မိန့်ခွန်းအတွင်းတွင် ၎င်းသည် မွတ်ဆလင်တို့ကို ဦးဆောင်မည့် စစ်မှန်သော ခေါင်းဆောင်အဖြစ် ရည်ညွှန်းထားသည်။ ထို့အပြင် မွတ်ဆလင်ကမ္ဘာအတွက် မိမိသည် ဂုဏ်ကျက်သရေ၊ ခွန်အား၊ မှန်ကန်မှုနှင့် ဦးဆောင်နိုင်စွမ်းတို့ကို ဆောင်ယူပေးမည်ဟုလည်း ပြောကြားထားသေးသည်။

“ကျုပ်ဟာ ခင်ဗျားတို့ကို လွှမ်းမိုးဦးဆောင်မယ့် ဝါလီ(ခေါင်းဆောင်)ပဲ။ ကျုပ်ဟာ ခင်ဗျားတို့ အားလုံးထက် သာတဲ့ အကောင်းဆုံး ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျုပ်က မှန်တယ်ဆိုတာ မြင်လာရင် ကျုပ်ကို ထောက်ခံကူညီပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်ဟာ ခင်ဗျားတို့ထက် ပိုသာလွန်နေတာမျိုး၊ ခင်ဗျားတို့ထက် ပိုပြီးစင်ကြယ်နေတာမျိုးတော့ မဟုတ်ပါဘူး”ဟုလည်း ယခင်အမည် ISISမှ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ပြောင်းလဲထားသည့် အဖွဲ့ခေါင်းဆောင်က ဆိုသည်။

၎င်းက အနောက်တိုင်း လွှမ်းမိုးမှုများကို တွန်းလှန်က အစ္စလာမ်မစ် ဥပဒေဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်မှုမျိုးကို လက်ခံကြရန်လည်း တိုက်တွန်းခဲ့သည်။ “ဘုရားသခင်က မူဂျာဒေဟင် ညီအစ်ကိုတော်တွေအတွက် အချိန်အကြာကြီး စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ရတဲ့ အောင်ပွဲကို ပေးသနားခဲ့ပြီ။ ဒါကြောင့် ခုချိန်မှာ အစ္စာလမ်မစ် နိုင်ငံတော် ထူထောင်ပြီး Caliph(ဘာသာရေးအရ ခေါင်းဆောင်သူ) တစ်ဦးကို တင်မြှောက်နိုင်ခဲ့ပြီ။ ဒါဟာ ရာစုနှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့တဲ့ တာဝန်ကို မွတ်ဆလင်တွေ ကျေပြွန်အောင် ထမ်းဆောင်နိုင်ခဲ့တာပဲ”ဟုလည်း ဘဂ္ဂဒက်ဒီက ပြောကြားခဲ့သည်။

ကိုယ်ပျောက်ရှိတ်ခ်ဆိုသော အမည်ဖြင့် နာမည်ကြီးခဲ့သည့် ဘဂ္ဂဒက်ဒီ လူလုံးထွက်ပြလာမှုသည် စိတ်ဝင်စားစရာ အခြေအနေ တစ်ရပ်ဖြစ်သော်လည်း Social Media များတွင် ၎င်း၏လက်မှ နာရီအကြောင်းက ပိုမို၍ လူပြောများနေခဲ့သည်။ အချို့ကလည်း အဆိုပါ နာရီသည် Omega Seamaster ဖြစ်နိုင်ကြောင်း ဆိုသည်။ Omega လက်ပတ်နာရီများကို James Bond ဇာတ်ကားများတွင် (၁၉၉၅)နှစ်ကတည်းက အစဉ်တစိုက် အသုံးပြုလာခဲ့ဖူးသည်။

Twitter ပေါ်တွင် လူတစ်ဦးက “Caliph ကြီး ဘဂ္ဂဒက်ဒီရဲ့ ရယ်စရာ အကောင်းဆုံး ကိစ္စက သူ့မှာ အရမ်းသိသာထင်ရှားတဲ့ လက်ပတ်နာရီ ကောင်းကောင်းတစ်လုံး ရှိနေတာပါပဲ။ ပြီးတော့သူက ခုလက်ရှိ ထောင်စုနှစ်က ဘာလဲဆိုတာ ပြောနိုင်သားပဲ”ဟု ရေးသားခဲ့သည်။ အခြားတစ်ဦးကလည်း “ကျွန်တော်တို့ရဲ့ Caliph ကြီးကို ကောင်းချီးပေးပါတယ်။ သူက ဆွစ်ဇာလန်လုပ် လက်ပတ်နာရီ တစ်လုံးလည်း ပတ်ထားသေးတယ်။ ဘာတံဆိပ်လဲ၊ ဘယ်ကုမ္ပဏီက လုပ်သလဲဆိုတာတော့ သိချင်မိသား”ဟု အရွှန်းဖောက်ခဲ့သည်။

ဘဂ္ဂဒက်ဒီသည် သိုသိပ်လျှို့ဝှက်လွန်းပြီး လုံခြုံရေးကို ဂရုစိုက်သည့် အနေဖြင့် ၎င်း၏ လက်ထောက်များနှင့် တွေ့ဆုံချိန်တွင်ပင် မျက်နှာဖုံး စွပ်ထားတတ်သူအဖြစ် ထင်ရှားခဲ့သည်။ ဘဂ္ဂဒက်ဒီနှင့် ပတ်သက်သည့် အချက်အလက်များမှာ လူသိနည်းလှပြီး အီရတ်တွင် အယ်လ်ကေးဒါး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဖူးကြောင်းလည်း သိရှိရသည်။

_Ref: Dailymail
7Day DAILY
အနောက်နိုင်ငံများကို ပြင်းထန်စွာ ရှုတ်ချဝေဖန်နေစဉ် အနောက်နိုင်ငံထုတ် တန်ဖိုးကြီး လက်ပတ်နာရီ တစ်လုံး ဝတ်ဆင်ထားသည့် ISIS အဖွဲ့ခေါင်းဆောင်မှာ Social Media များပေါ်တွင် လှောင်ပြောင်မှုများနှင့် ကြုံနေရသည်။
ဆီးရီးယားနှင့် အီရတ်တို့မှ နယ်မြေအများအပြားကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော် အဖြစ် ပြောင်းလဲ ထူထောင်ကြောင်း ကြေညာထားသည့် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီသည် ပုန်းလျှိုးကွယ်လျှိုး ရှိနေရာမှ ယခုအခါ လူမြင်သူမြင် ထွက်ပေါ်လာပြီ ဖြစ်သည်။

မိမိကိုယ်ကိုယ် ကမ္ဘာပေါ်ရှိ မွတ်လဆင် (၁.၂)ဘီလျံ၏ ကိုယ်စားပြုရာ နိုင်ငံခေါင်းဆောင် အနေဖြင့် ကြေ ညာ ထားသည့် ဘဂ္ဂဒက်ဒီသည် အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် မိုဆူးလ်ရှိ ဗလီကြီးတွင် (၂၁)မိနစ်ကြာ မိန့်ခွန်းပြောခဲ့ပြီး ယင်းကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုတွင် ၎င်း၏လက်၌ Rolex သို့ မဟုတ် Sekonda အမျိုးအစား လက်ပတ်နာရီတစ်လုံး ပတ်ထားသည်ကို တွေ့ရသည်။ အဆိုပါ နာရီ တစ် လုံး ၏ ပျမ်းမျှတန်ဖိုးသည် ပေါင်စတာလင် (၄၀၀၀)မျှထိ ရှိနေသည်။

ဘဂ္ဂဒက်ဒီက မိန့်ခွန်းအတွင်းတွင် ၎င်းသည် မွတ်ဆလင်တို့ကို ဦးဆောင်မည့် စစ်မှန်သော ခေါင်းဆောင် အဖြစ် ရည်ညွှန်းထားသည်။ ထို့အပြင် မွတ်ဆလင်ကမ္ဘာအတွက် မိမိသည် ဂုဏ်ကျက်သရေ၊ ခွန်အား၊ မှန်ကန်မှုနှင့် ဦးဆောင်နိုင်စွမ်းတို့ကို ဆောင်ယူပေးမည်ဟုလည်း ပြောကြားထားသေးသည်။

“ကျုပ်ဟာ ခင်ဗျားတို့ကို လွှမ်းမိုးဦးဆောင်မယ့် ဝါလီ(ခေါင်းဆောင်)ပဲ။ ကျုပ်ဟာ ခင်ဗျားတို့ အားလုံးထက် သာတဲ့ အကောင်းဆုံး ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျုပ်က မှန်တယ်ဆိုတာ မြင်လာရင် ကျုပ်ကို ထောက်ခံကူညီပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်ဟာ ခင်ဗျားတို့ထက် ပိုသာလွန်နေတာမျိုး၊ ခင်ဗျားတို့ထက် ပိုပြီးစင်ကြယ်နေတာမျိုးတော့ မဟုတ်ပါဘူး”ဟုလည်း ယခင်အမည် ISISမှ အစ္စလာမ်မစ် နိုင်ငံတော် အဖြစ် ပြောင်းလဲထားသည့် အဖွဲ့ခေါင်းဆောင်က ဆိုသည်။

၎င်းက အနောက်တိုင်း လွှမ်းမိုးမှုများကို တွန်းလှန်က အစ္စလာမ်မစ် ဥပဒေဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်မှု မျိုး ကို လက်ခံကြရန်လည်း တိုက်တွန်းခဲ့သည်။ “ဘုရားသခင်က မူဂျာဒေဟင် ညီအစ်ကိုတော်တွေအတွက် အချိန်အကြာကြီး စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ရတဲ့ အောင်ပွဲကို ပေးသနားခဲ့ပြီ။ ဒါကြောင့် ခုချိန်မှာ အစ္စာလမ်မစ် နိုင်ငံတော် ထူထောင်ပြီး Caliph(ဘာသာရေးအရ ခေါင်းဆောင်သူ) တစ်ဦးကို တင်မြှောက်နိုင်ခဲ့ပြီ။ ဒါဟာ ရာစုနှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့တဲ့ တာဝန်ကို မွတ်ဆလင်တွေ ကျေပြွန်အောင် ထမ်းဆောင်နိုင်ခဲ့တာပဲ”ဟုလည်း ဘဂ္ဂဒက်ဒီက ပြောကြားခဲ့သည်။

ကိုယ်ပျောက်ရှိတ်ခ်ဆိုသော အမည်ဖြင့် နာမည်ကြီးခဲ့သည့် ဘဂ္ဂဒက်ဒီ လူလုံးထွက်ပြလာမှုသည် စိတ်ဝင်စားစရာ အခြေအနေ တစ်ရပ်ဖြစ်သော်လည်း Social Media များတွင် ၎င်း၏လက်မှ နာရီ အကြောင်း က ပိုမို၍ လူပြောများနေခဲ့သည်။ အချို့ကလည်း အဆိုပါ နာရီသည် Omega Seamaster ဖြစ်နိုင်ကြော င်း ဆိုသည်။ Omega လက်ပတ်နာရီများကို James Bond ဇာတ်ကားများတွင် (၁၉၉၅)နှစ်ကတည်းက အစဉ်တစိုက် အသုံးပြုလာခဲ့ဖူးသည်။

Twitter ပေါ်တွင် လူတစ်ဦးက “Caliph ကြီး ဘဂ္ဂဒက်ဒီရဲ့ ရယ်စရာ အကောင်းဆုံး ကိစ္စက သူ့မှာ အရမ်း သိသာထင်ရှားတဲ့ လက်ပတ်နာရီ ကောင်းကောင်းတစ်လုံး ရှိနေတာပါပဲ။ ပြီးတော့သူက ခုလက် ရှိ ထောင် စုနှစ်က ဘာလဲဆိုတာ ပြောနိုင်သားပဲ”ဟု ရေးသားခဲ့သည်။ အခြားတစ်ဦးကလည်း “ကျွန်တော်တို့ရဲ့ Caliph ကြီးကို ကောင်းချီးပေးပါတယ်။ သူက ဆွစ်ဇာလန်လုပ် လက်ပတ်နာရီ တစ်လုံးလည်း ပတ်ထားသေး တယ်။ ဘာတံဆိပ်လဲ၊ ဘယ်ကုမ္ပဏီက လုပ်သလဲဆိုတာတော့ သိချင်မိသား”ဟု အရွှန်းဖောက်ခဲ့သည်။

ဘဂ္ဂဒက်ဒီသည် သိုသိပ်လျှို့ဝှက်လွန်းပြီး လုံခြုံရေးကို ဂရုစိုက်သည့် အနေဖြင့် ၎င်း၏ လက်ထောက် များနှင့် တွေ့ဆုံချိန်တွင်ပင် မျက်နှာဖုံး စွပ်ထားတတ်သူအဖြစ် ထင်ရှားခဲ့သည်။ ဘဂ္ဂဒက်ဒီနှင့် ပတ်သက် သည့် အချက်အလက်များမှာ လူသိနည်းလှပြီး အီရတ်တွင် အယ်လ်ကေးဒါး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဖူးကြောင်းလည်း သိရှိရသည်။

Ref: Dailymail
7Day DAILY

No comments:

Post a Comment