Monday 7 July 2014

ရန်ကုန်ပြင်ပမှာ ထပ်မံတိုးချဲ့သွားမည့် ရွှေ့လျားပညာရေး


စာသင်ကြားရမယ့်အရွယ်မှာ လုပ်ငန်းခွင်ဝင်ရောက်နေရတဲ့ ကလေးတွေအတွက် ပညာ သင်ကြားပေးနေ တဲ့ ရွှေ့လျားပညာရေးစနစ်ကို ရန်ကုန်မြို့မှာသာမက အခြားနယ်မြေတွေမှာလည်း ထပ်မံတိုးချဲ့သွားမယ်လို့ သိရပါတယ်။
myME project လို့အမည်ပေးထားတဲ့ ရွှေ့လျားပညာသင်ကြားရေး ဒုတိယမြောက် ပရောဂျက် မှာ ဟောင်ကောင် တက္ကသိုလ်က ပါမောက္ခတွေနဲ့အတူ ကျောင်းသား ကျောင်းသူ (၁၈)ဦးတို့က myME project   အဖွဲ့နဲ့အတူ အဖွဲ့လေးဖွဲ့ခွဲပြီး သြဂုတ်လတစ်လမှာ သင်ကြားပေး သွားမယ်လို့ သိရပါတယ်။

myME project    ရဲ့ ဒုတိယစီမံချက်ကာလကိုတော့ အခုနှစ် ဇွန်လက စတင်နေတာဖြစ်ပြီး အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကို အဓိကထား သင်ကြားပေးသွားမှာလို့ သိရပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေး၊ တကိုယ်ရည် သန့်ရှင်းရေးနဲ့ အစားအသောက်အခေါ် အဝေါ်တွေကိုပါ သင်ကြားပေးသွားမှာလို့ သိရပါတယ်။ myME project   ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက စတင်ခဲ့တာဖြစ်ပြီး စီမံချက်ကာလတစ်ခုကို (၆)လ သတ်မှတ်သင် ကြားပေးနေတာ ဖြစ်ပါတယ်။

MRTV-4

No comments:

Post a Comment