Monday 7 July 2014

မုံရွာရှိ တက္ကသိုလ်သုံးခုမှ ကျောင်းသားသမဂ္ဂများ စုပေါင်းပြီး ဆဲဗင်းဇူလိုင် တွင် ပြဇာတ်နှင့် သံချပ်များ ဖျော်ဖြေမည်

မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကြီးသုံးခုမှ ကျောင်းသားမဂ္ဂများ စုပေါင်း၍ ဇူလိုင်လ ၇ ရက်နေ့တွင် ကျရောက်မည့် ၅၂ နှစ်မြောက် ဆဲဗင်းဇူလိုင် အခမ်းအနားတွင် ပြဇာတ်တင်ဆက်မှုနှင့် သံချပ်ဖျော်ဖြေမှုများကို ယင်းမြို့ ရှိ မြစန္ဒာ ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦး က ပြောကြား သည်။
ယင်းအစီအစဉ်ကို ညနေ ၃ နာရီ ဝန်းကျင်က စတင်ပြုလုပ်သွားမည် ဖြစ်ရာ ၁၉၂၀ မှ ၁၉၆၂ ခုနှစ် အထိ ကျောင်းသားများ၏ သမိုင်းကြောင်းများကို ပြဇာတ်တင်ဆက်မည် ဖြစ်ပြီး မုံရွာ တက္ကသိုလ် ကျောင်း သား သမဂ္ဂ၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် မုံရွာနည်းပညာတက္က သိုလ် ကျောင်း သားသမဂ္ဂတို့ ပူးပေါင်းကျင်းပမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပြဇာတ်နှင့် သံချပ်ဖျော်ဖြေ တင်ဆက်မှုများ၊ ပါဖော့မန့် အနုပညာများကို အချိန်လေးနာရီ ဝန်းကျင် ခန့် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ဆဲဗင်း ဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment