Monday 7 July 2014

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး NLD ပါတီ ထိရောက်စွာ မလုပ်နိုင်ဟု လူငယ်ညီလာခံ ဝေဖန်

Photo: မူးယစ်ဆေးဝါး တိုက်ဖျက်ရေး NLD ပါတီ ထိရောက်စွာ မလုပ်နိုင်ဟု လူငယ်ညီလာခံ ဝေဖန် 
Monday, July 7, 2014

လူငယ်ထုအတွင်း ပျံ့နှံ့နေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က လုပ်ငန်းစဉ်များ ချမှတ်ခဲ့သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဟု နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံက ဝေဖန်သုံးသပ်ကြောင်း NLD လူငယ်ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းများ လျင်မြန်စွာ တိုးပွားလာခြင်းကို တိုက်ဖျက်သွားရန်ဟူသော နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“NLD ပါတီအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မူဝါဒ ချမှတ်ထားပေမယ့် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် လူငယ်ထုအတွင်း ဖြစ်ပေါ်နေသော အလုပ်လက်မဲ့ ပြဿနာများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လက်တွဲကာ ပူးပေါင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်၏ လူငယ်ထုအတွက် အနာဂတ်အရေးကို ထိခိုက်စေနိုင်သော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းများ လျင်မြန်စွာ တိုးပွားလာခြင်းသည်ကို တိုက်ဖျက်သွားရန်အတွက် မူဘောင်များ စနစ်တကျ ချမှတ်ရေးဆွဲကာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၀ ကျော် တန်ဖိုးနှင့် ညီမျှသော ဘိန်းဖြူနှင့် ဘိန်းစိမ်းများကို ဇွန်လ နောက်ဆုံးပတ်အတွင်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သော်လည်း တစ်နှစ် ထုတ်လုပ်မှုတန်ချိန် တန်ခုနစ်ရာနီးပါး ရှိနေသောကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ထိရောက်မှု မရှိကြောင်း နိုင်ငံတကာက သုံးသပ် ဝေဖန်မှုများ ရှိနေသည်။

ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးခြင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒုတိယ အများဆုံး ဖြစ်နေသော မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အစိုးရနှင့် ပြည်သူ ပူပေါင်းမှု အားနည်းနေပြီး လူငယ်ထုအတွင်း မူးယစ်ဆေးဝါး ပြန့်နှံ့မှုမှာ ပိုမိုကျယ်ပြန့်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မူခင်းဆိုင်ရာ တိုက်ဖျက်ရေးအဖွဲ့ (UNODC) ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ထည့်သွင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်း ရေးဆွဲ လုပ်ဆောင်လျက် ရှိသော်လည်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် အောင်မြင်သင့်သလောက် အောင်မြင်မှု မရဘဲ ဖြစ်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇွန်လအတွင်း ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တစ်ခုတွင် ဝေဖန်ပြောဆိုထားသည်။

The Voice Weekly
လူငယ်ထုအတွင်း ပျံ့နှံ့နေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က လုပ်ငန်းစဉ်များ ချမှတ်ခဲ့သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဟု နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံက ဝေဖန်သုံးသပ်ကြောင်း NLD လူငယ်ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းများ လျင်မြန်စွာ တိုးပွားလာခြင်းကို တိုက်ဖျက်သွားရန်ဟူသော နိုင်ငံ လုံး ဆိုင်ရာ လူငယ်ညီလာခံ ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။ “NLD ပါတီအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မူဝါဒ ချမှတ်ထားပေမယ့် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် လူငယ်ထုအတွင်း ဖြစ်ပေါ်နေသော အလုပ်လက်မဲ့ ပြဿနာများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လက်တွဲကာ ပူးပေါင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်၏ လူငယ်ထုအတွက် အနာဂတ်အရေးကို ထိခိုက်စေနိုင်သော မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများ လျင်မြန်စွာ တိုးပွားလာခြင်းသည်ကို တိုက်ဖျက်သွားရန်အတွက် မူဘောင်များ စနစ်တကျ ချမှတ်ရေးဆွဲကာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၀ ကျော် တန်ဖိုးနှင့် ညီမျှသော ဘိန်းဖြူနှင့် ဘိန်းစိမ်း များကို ဇွန်လ နောက်ဆုံးပတ်အတွင်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သော်လည်း တစ်နှစ် ထုတ်လုပ်မှုတန်ချိန် တန်ခုနစ်ရာ နီးပါး ရှိနေသောကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ထိရောက်မှု မရှိကြောင်း နိုင်ငံတကာက သုံးသပ် ဝေဖန်မှုများ ရှိနေသည်။

ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးခြင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒုတိယ အများဆုံး ဖြစ်နေေ သာ မြန် မာနိုင်ငံ အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အစိုးရနှင့် ပြည်သူ ပူပေါင်းမှု အားနည်းနေပြီး လူငယ်ထု အတွင်း မူးယစ်ဆေးဝါး ပြန့်နှံ့မှုမှာ ပိုမိုကျယ်ပြန့်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မူခင်းဆိုင်ရာ တိုက်ဖျက်ရေးအဖွဲ့ (UNODC) ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ထည့်သွင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်း ရေးဆွဲ လုပ်ဆောင်လျက် ရှိသော်လည်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် အောင်မြင်သင့်သလောက် အောင်မြင်မှု မရဘဲ ဖြစ်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇွန်လအတွင်း ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တစ်ခုတွင် ဝေဖန်ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment