Monday 7 July 2014

ဝင်ဘယ်ဒန်ဖလားဗိုလ်စွဲပြီး ဂျိုကိုဗစ် ကမ္ဘာ့အဆင့်(၁)ဖြစ်လာ

 
ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်မှာ ၀င်ဘယ်ဒန်အိုးပင်း ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့်(၁)နေရာ ရယူနိုင်ခဲ့ကြောင်း သိရသည်။ All England Club ကွင်းတွင် ကျင်းပခဲ့သည့် ၀င်ဘယ်ဒန်အိုးပင်း အမျိုးသား ဗိုလ်လုပွဲတွင် ဆွစ်ဇာလန် တင်းနစ်သမား ရော်ဂျာဖက်ဒါရာကို ၆(၇)-၇(၉)၊ ၆-၄ ၊ ၇-၆(၄) ၊ ၅-၇ ၊ ၆-၄ ဖြင့် အနိုင်ရခဲ့ပြီးနောက် ဂျိုကိုဗစ်မှာ ကစားသမားဘ၀တစ်လျှောက် ဒုတိယမြောက် ၀င်ဘယ်ဒန်အိုးပင်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ကာ အပိုဆုအဖြစ် ကမ္ဘာ့အဆင့်(၁)နေရာ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဖက်ဒါရာက Ace (တစ်ချက်တည်း အမှတ်ရသည့်) ရိုက်ချက်များ၊ Break point (အဆုံး အဖြတ် မှတ်) ကာကွယ်မှုများ၊ ပိုက်နားကပ် အကွက်ချ ရိုက်ချက်များဖြင့် ဂျိုကိုဗစ်ကို အခက်တွေ့စေခဲ့သည်။ ဂျိုကိုဗစ်မှာ ၆(၇)-၇(၉)၊ ၆-၄ ၊ ၇-၆(၄) ဖြင့် အနိုင်ရပြီးနောက် စတုတ္ထပွဲလတ် ကစားခဲ့ရာတွင် ချန်ပီ ယံဖြစ်ရန် အလွန်နီးစပ်ခဲ့သော်လည်း ဖက်ဒါရာက Ace ရိုက်ချက်ဖြင့် ဂျိုကိုဗစ်၏ Championship Point ရယူခွင့်ကို ဖျက်ဆီးခဲ့ကာ နှစ်ပွဲစီ အမှီလိုက်နိုင်ခဲ့သည်။

ယင်းအတွက်ကြောင့် အဆုံးအဖြတ်ပွဲစဉ်ကစားရာတွင် ဖက်ဒါရာ အမှားအယွင်းများခဲ့ပြီး ဂျိုကိုဗစ် က ဖြ ည်းဖြည်း မှန်မှန် တိုက်စစ်ဆင်က ၆-၄ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် ဂျိုကိုဗစ်မှာ ဗိုလ်လုပွဲ ကစားခွင့် ရရှိခဲ့သည့် နောက်ဆုံး ဂရင်းဆလင်းပြိုင်ပွဲ (၃)ရပ်ဆက် ဖလားလက်မဲ့ဖြစ်ခြင်းကို ၀င်ဘယ်ဒန်ဖလားဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၁)အဖြစ် (၉)လကြာ ရပ်တည်ခဲ့သည့် စပိန်တင်းနစ်သမား ရာဖေးလ် နာဒယ် ၏နေရာ ကိုပါ လွှဲပြောင်းရယူနိုင်ခဲ့သည်။ ၀င်ဘယ်ဒန်အိုးပင်း မကျင်းပမီ အဆင့်(၆)နေရာသာ ရခဲ့သည့် ဖက်ဒါရာမှာ ယခုအခါ အဆင့်(၃)နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရိုးရာလေး

No comments:

Post a Comment