Monday 7 July 2014

သရဖူသိမ်းတာမခံရအောင် လိမ္မာစေချင်တယ်ဆိုတဲ့အပေါ် မေမြတ်နိုး ဘာပြောလဲ

လူမှုရေးနဲ့ အနုပညာလုပ်ငန်းတွေမှာ ငွေကြေးကိစ္စတွေကြောင့် နာမည်ထွက်လာနေတဲ့ အလှမယ် မေမြတ်နိုး သရဖူပြန်သိမ်းမခံရအောင် သူ့ရဲ့ National Director ဒေါ်လှနုထွန်းက လိမ္မာစေချင်တယ်လို့ ဆုံးမခဲ့ပါတယ်။ မေမြတ်နိုးက ဘာကြောင့် မလိမ္မာတာလဲ။“ဒီကိစ္စနဲ့ပတ်သက်လို့ မေမြတ်နိုး ဂျာနယ်တောင် မဖတ်ရသေးဘူး။ ဒီသတင်းကလည်း ဆရာ၊ ဆရာမတွေက ကောင်းတယ်ထင်လို့ ရေးတာပဲလို့ ထင်တယ်။ ညီမအနေနဲ့ကတော့ ညီမကို သရဖူရအောင် လုပ်ပေးတဲ့ ဆရာ၊ ဆရာမတွေအားလုံးက ညီမရဲ့ ကျေးဇူးရှင်တွေပါ”လို့ ဆိုပါတယ်။Miss Asia Pacific 2014 သရဖူဆုကိုရထားတဲ့ မေမြတ်နိုးတစ်ယောက် အင်တာဗျူးတွေ၊ ဓာတ်ပုံတွေကိစ္စမှာ မိခင်ဖြစ်သူက ငွေကြေးတောင်းခံမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး အလှမယ်တစ်ယောက် ဒီလိုလုပ်ရင် သရဖူသိမ်းရမယ့်အလားအလာ ရှိတယ်လို့ ဂျာနယ်တွေက ဖော်ပြခဲ့ကြပါတယ်။
“ဘာမှလည်း မဝေဖန်လိုပါဘူး။ ပရိသတ်ကြီးက မြတ်နိုးကို ဆက်ပြီးအားပေးကြပါ။ မြတ်နိုး အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ မြတ်နိုး အခုအချိန်မှာ အရမ်းလည်း အလုပ်ရှုပ်နေပါတယ်”လို့ ပြောပါတယ်။
Photo: သရဖူသိမ်းတာမခံရအောင် လိမ္မာစေချင်တယ်ဆိုတဲ့အပေါ် မေမြတ်နိုး ဘာပြောလဲ
Monday, July 7, 2014

လူမှုရေးနဲ့ အနုပညာလုပ်ငန်းတွေမှာ ငွေကြေးကိစ္စတွေကြောင့် နာမည်ထွက်လာနေတဲ့ အလှမယ် မေမြတ်နိုး သရဖူပြန်သိမ်းမခံရအောင် သူ့ရဲ့ National Director ဒေါ်လှနုထွန်းက လိမ္မာစေချင်တယ်လို့ ဆုံးမခဲ့ပါတယ်။ မေမြတ်နိုးက ဘာကြောင့် မလိမ္မာတာလဲ။

“ဒီကိစ္စနဲ့ပတ်သက်လို့ မေမြတ်နိုး ဂျာနယ်တောင် မဖတ်ရသေးဘူး။ ဒီသတင်းကလည်း ဆရာ၊ ဆရာမတွေက ကောင်းတယ်ထင်လို့ ရေးတာပဲလို့ ထင်တယ်။ ညီမအနေနဲ့ကတော့ ညီမကို သရဖူရအောင် လုပ်ပေးတဲ့ ဆရာ၊ ဆရာမတွေအားလုံးက ညီမရဲ့ ကျေးဇူးရှင်တွေပါ”လို့ ဆိုပါတယ်။

Miss Asia Pacific 2014 သရဖူဆုကိုရထားတဲ့ မေမြတ်နိုးတစ်ယောက် အင်တာဗျူးတွေ၊ ဓာတ်ပုံတွေကိစ္စမှာ မိခင်ဖြစ်သူက ငွေကြေးတောင်းခံမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး အလှမယ်တစ်ယောက် ဒီလိုလုပ်ရင် သရဖူသိမ်းရမယ့်အလားအလာ ရှိတယ်လို့ ဂျာနယ်တွေက ဖော်ပြခဲ့ကြပါတယ်။

“ဘာမှလည်း မဝေဖန်လိုပါဘူး။ ပရိသတ်ကြီးက မြတ်နိုးကို ဆက်ပြီးအားပေးကြပါ။ မြတ်နိုး အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ မြတ်နိုး အခုအချိန်မှာ အရမ်းလည်း အလုပ်ရှုပ်နေပါတယ်”လို့ ပြောပါတယ်။
(နွေး – Free Wings)
(နွေး – Free Wings)

No comments:

Post a Comment