Monday 7 July 2014

ပြည်တွင်းထက်ပြည်ပဈေးကွက်ကို အများဆုံးတင်ပို့နေရသည့် ကြိမ်လက်မှု ပစ္စည်း

Photo: ပြည်တွင်းထက်ပြည်ပဈေးကွက်ကို အများဆုံးတင်ပို့နေရသည့် ကြိမ်လက်မှု ပစ္စည်း
Monday, July 7, 2014

မြန်မာနိုင်ငံရဲ့ လက်မှုပစ္စည်းတွေထဲမှာ ကြိမ်လက်မှုပစ္စည်းတွေဟာ ပြည်တွင်းဈေးကွက်ထက် ပြည်ပဈေးကွက်ကို အများဆုံးတင်ပို့နေရတယ်လို့
ကြိမ်နှင့်ဝါးလက်မှုလုပ်ငန်းရှင်များထံမှ သိရပါတယ်။ 
 
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ဟာ ကြိမ်လက်မှုပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ အဓိကနေရာဒေသတစ်ခုဖြစ်ပြီး အဲ့ဒီဒေကထွက်တဲ့ ကြိမ်လက်မှုပစ္စည်းတွေကိုတော့ ပြည်တွင်း ဈေးကွက်ထက် ပြည်ပဈေးကွက်ကိုသာအများဆုံးတင်ပို့နေရတယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက် ကို ကြိမ်လက်မှုပစ္စည်းများ အများဆုံးတင်ပို့ရတာဟာ ပြည်ပမှ လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီတွေဟာ ကြိမ်လက်မှုပစ္စည်းတွေကို သဘောကျနှစ်သက်မှုများတဲ့အတွက်ဖြစ်ပါတယ်။
 
ကြိမ်လက်မှုပစ္စည်းတွေကိုပြည်ပကို  Export  ပို့တဲ့အခါ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အမှိုက်တောင်း၊ ရုံးခန်းသုံးပစ္စည်း၊ ဟိုတယ်သုံးပစ္စည်းများ စတဲ့အသုံးအဆောင်တွေကို ပြုလုပ်ပြီး ပြည်ပကို တင်ပို့တာဖြစ်ပါတယ်။ အဆိုပါ ကြိမ်လက်မှုပစ္စည်းများဟာ ပြည်ပဈေးကွက်မှာ ရောင်းအားကောင်းနေပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ ဈေးနှုန်းအနည်းငယ်မြင့်မားတဲ့အတွက် ၀ယ်လိုအားလျော့နည်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
မြန်မာနိုင်ငံရဲ့ လက်မှုပစ္စည်းတွေထဲမှာ ကြိမ်လက်မှုပစ္စည်းတွေဟာ ပြည်တွင်းဈေးကွက် ထက် ပြည်ပဈေး ကွက်ကို အများဆုံးတင်ပို့နေရတယ်လို့ ကြိမ်နှင့်ဝါးလက်မှုလုပ်ငန်းရှင်များထံမှ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ဟာ ကြိမ်လက်မှုပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ အဓိကနေ ရာဒေသတစ်ခုဖြစ်ပြီး အဲ့ဒီဒေကထွက်တဲ့ ကြိမ်လက်မှုပစ္စည်းတွေကိုတော့ ပြည်တွင်း ဈေးကွက် ထက် ပြည် ပဈေးကွက်ကိုသာအများဆုံးတင်ပို့နေရတယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက် ကို ကြိမ်လက်မှုပစ္စည်းများ အများဆုံးတင်ပို့ရတာဟာ ပြည်ပမှ လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီတွေဟာ ကြိမ်လက်မှုပစ္စည်းတွေကို သဘော ကျနှစ်သက်မှုများတဲ့အတွက်ဖြစ်ပါတယ်။

ကြိမ်လက်မှုပစ္စည်းတွေကိုပြည်ပကို  Export  ပို့တဲ့အခါ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အမှိုက်တောင်း၊ ရုံး ခန်းသုံးပစ္စည်း၊ ဟိုတယ်သုံးပစ္စည်းများ စတဲ့အသုံးအဆောင်တွေကို ပြုလုပ်ပြီး ပြည်ပကို တင်ပို့တာဖြစ်ပါ တယ်။ အဆိုပါ ကြိမ်လက်မှုပစ္စည်းများဟာ ပြည်ပဈေးကွက်မှာ ရောင်းအားကောင်းနေပေ မယ့် ပြည် တွင်းဈေးကွက်မှာတော့ ဈေးနှုန်းအနည်းငယ်မြင့်မားတဲ့အတွက် ၀ယ်လိုအားလျော့နည်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment