Monday 7 July 2014

အလက်ဆစ်ဆန်းချက်ဇ်အတွက် အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကို ဘာစီလိုနာ အသင်း လက်ခံလိုက်ပြီဟု မီဒီယာများ ဖော်ပြ

Photo: အလက်ဆစ်ဆန်းချက်ဇ်အတွက် အာဆင်နယ်အသင်း၏ကမ်းလှမ်းမှုကို 
ဘာစီလိုနာအသင်းလက်ခံလိုက်ပြီဟု မီဒီယာများ ဖော်ပြ
Monday, July 7, 2014 

Goal.com၊ Dailymail၊ Telegraph စသည့် မီဒီယာများ၏ ဖော်ပြချက်အရ ဘစီလိုနာအသင်းသည် အသင်း၏ ချီလီလက်ရွေးစင်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်အတွက် အာဆင်နယ်အသင်းမှ ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် အလက်ဆစ်ဆန်းချက်ဇ်အား လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရာတွင် အလိုက်ပေးရန် စီစဉ်ခဲ့သော်လည်း ကစားသမားမှ လက်မခံခဲ့ဘဲ၊ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန်သာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ထို့ပြင် အာဆင်နယ်အသင်းသည် နယူးကာဆယ်အသင်းမှ ပြင်သစ်လက်ရွေးစင်ညာနောက်ခံလူ ဒီဘူချီအား ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ၊ လေဗာကူဆင်အသင်းမှာ ဂျာမန်ကွင်းလယ်လူ လားစ်ဗန်ဒါကိုလည်း ယူရိုသန်း(၂၀)ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း မီဒီယာများက ထပ်မံဖော်ပြခဲ့သည်။

Eleven Media Group 

ချီလီလက်ရွေးစင်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်(Photo-AFP)
ချီလီလက်ရွေးစင်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်(Photo-AFP)
Goal.com၊ Dailymail၊ Telegraph စသည့် မီဒီယာများ၏ ဖော်ပြချက်အရ ဘစီလိုနာအသင်းသည် အသင်း ၏ ချီလီလက်ရွေးစင်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်အတွက် အာဆင်နယ်အသင်းမှ ယူရိုသန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အလက်ဆစ်ဆန်းချက်ဇ်အား လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရာတွင် အလိုက်ပေးရန် စီစဉ်ခဲ့သော်လည်း ကစားသမားမှ လက်မခံခဲ့ဘဲ၊ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ရန်သာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အာဆင်နယ်အသင်းသည် နယူးကာဆယ်အသင်းမှ ပြင်သစ်လက်ရွေးစင်ညာနောက်ခံလူ ဒီဘူချီ အား ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ၊ လေဗာကူဆင်အသင်းမှာ ဂျာမန်ကွင်းလယ်လူ လားစ်ဗန်ဒါ ကိုလည်း ယူရိုသန်း(၂၀)ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း မီဒီယာများက ထပ်မံဖော်ပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment