Monday 7 July 2014

တရုတ်နိုင်ငံတွင် အင်တာနက်လောင်းကစားသမားများအား အပြစ်ပေး

တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့တရားရုံးတစ်ရုံးက အင်တာနက် လောင်းကစားသမား(၆၈)ဦး ကို ထောင်ဒဏ် အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့သည်။
(၂၀၁၃)ခုနှစ်ဧပြီလ(၁၀)ရက်နေ့က ရဲတပ်ဖွဲ့ဝင်(၁၀၀၀)က လောင်းကစားရုံ (၇)ရုံကို စီးနင်းဝင်ရောက် ပြီး လောင်းကစားသမား(၁၃၂)ဦးကို ဖမ်းဆီးကာ လောင်းကစားငွေများနှင့်တကွ လောင်းကစားရာတွင် အသုံးပြုသည့် ကွန်ပျူတာများ၊ စာအုပ်စာတန်းများ ဘဏ်ကဒ်များကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

ထိုလောင်းကစားဂိုဏ်းသည် (၂၀၀၈)ခုနှစ်မှ (၂၀၁၃)ခုနှစ်ကြားတွင် တရုတ်နိုင်ငံအပြင်ဘက်က အွန် လိုင်းလောင်းကစားရုံ(၅)ရုံက ဖောက်သည်(၁)သိန်းကျော် ကိုယ်စားယွမ်ငွေ(၄၈၄) ဘီလီယံ ဖိုး လောင်း ကစားပေးခဲ့ကြောင်း တရားရုံးဆုံးဖြတ်ချက်၌ ဖော်ပြထားသည်။

တရားရုံးက ထိုတရားခံများကို ထောင်ဒဏ်(၉)နှစ်မှ(၁)နှစ်ခွဲအထိ အသီးသီးချမှတ်ခဲ့ပြီး အွန် လိုင်းလောင်း ကစားမှု အတွက် ဒဏ်ငွေယွမ်သန်း(၂၀) ကနေ ယွမ်(၅)သောင်း အထိ အသီးသီး ချမှတ်ခဲ့ကြောင်း စီစီတီဗွီ သတင်းဌာနမှ သိရသည်။

SkyNet TV Browser

No comments:

Post a Comment