Monday 7 July 2014

အီဂျစ်တရားရုံးက မူစလင်ညီနောင်များအဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ်တစ်သက်ချမှတ်

အီဂျစ်တရားရုံးတစ်ရုံးက မူစလင်ညီနောင်များအဖွဲ့ခေါင်းဆောင် မိုဟာမက်ဘာဒီနှင့် အဖွဲ့ဝင်(၃၆)ဦး ကို ထောင် ဒဏ် တစ်သက်တစ်ကျွန်းချမှတ် လိုက်ပြီး နောက်ထပ် (၁၀)ဦးကို သေဒဏ်ချရန် အတည်ပြု လိုက်ပြီဖြစ်သည်။ "ဘာဒီကိုဆန္ဒပြမှုတွေမှာပါဝင်မှုနဲ့ ဇူလိုင်လ(၅)ရက်နေ့ က ပြစ်ဒဏ်ချမှတ်ခဲ့ တာပါ။ ဖြုတ် ချခံခဲ့ရတဲ့ သမ္မတဟောင်းမိုဟာမက်မော်စီကို အားပေးထောက်ခံနေတဲ့ မူစလင်ညီနောင်များ အဖွဲ့ကို ဖြိုခွင်းခဲ့မှုအတွင်းဘာဒီဟာတခြားပြစ်မှု(၂)ခုနဲ့ သေဒဏ်(၂)ကြိမ်ချမှတ်ခံထားရသူလ ည်းဖြစ် ပါတယ်။
တရားခံ(၁၀)ဦးကတော့ အလားတူပြစ်မှုနဲ့ပဲပြီးခဲ့တဲ့ လကသေဒဏ်ချမှတ်ခံထားရပြီး အဲ့ဒီစီရင်ချက်ကို  တရားရုံးကအခုအတည်ပြုလိုက်တာဖြစ်ပါတယ်။ နောက်တရားခံတစ်ဦးကိုလည်း ထောင်ဒဏ်(၃)နှစ်ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။

အီဂျစ်စစ်တပ်ရဲ့တရားစီရင်ရေးအဖွဲ့က လူပေါင်း(၂၀၀)ကျော်ကိုသေဒဏ် ချမှတ်ခဲ့မှုအပေါ်နိုင်ငံတကာက အမျက်ဒေါသဖြစ်ခဲ့ကြစဉ်မှာပဲ အခုလို စီရင်ချက်တွေ ထပ်မံပေါ်ပေါက်လာတာပါ။ တရားခံတွေဟာ လက်ရှိသမ္မတ Abdel Fattah al-Sisi(အဗ္ဗဒယ်လ်ဖာတာအယ်လ်စီစီ) ဦးဆောင်တဲ့ စစ်တပ်က မော်စီ ကိုဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ဇွန်လကဖြစ်ပွား ခဲ့တဲ့ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှုနဲ့ လူသတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်"ဟု ဇူလိုင်လ(၅)ရက်နေ့ တရားစီရင်မှုတွင် တရားသူကြီး ဟက်ဆန်ဖာရစ်က အခိုင် အမာပြော ခဲ့ကြောင်း Press TV သတင်းမှ သိရသည်။

SkyNet TV Browser

No comments:

Post a Comment