Monday 7 July 2014

အခြေခံပညာ ဆရာ၊ ဆရာမများကို ပင်စင်သက်တမ်း တိုးပေးရန် စီစဉ်

Photo: အခြေခံပညာ ဆရာ၊ ဆရာမများကို ပင်စင်သက်တမ်း တိုးပေးရန် စီစဉ်
Monday, July 7, 2014 

နိုင်ငံတစ်ဝန်း လစ်လပ်နေသော အခြေခံပညာ ဆရာ၊ ဆရာမများ နေရာတွင် ပင်စင်စားနှင့် ပင်စင်ယူခါနီး ဆရာ၊ ဆရာမတို့ကို ပင်စင်သက်တမ်းတိုး၍ ဆက်လက်ခန့်ထားရန် အစီအစဉ်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသွားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဇူလိုင်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် အခြေခံပညာ ဆွေးနွေးပွဲ၌ အဆိုပါ အစီအစဉ်ကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ပညာရေးမှာ အားသာချက်တွေ အများကြီး ရှိနေသလို အားနည်းချက်တွေလည်း အများကြီး ရှိနေတယ်။ ဆရာ ဆရာမတွေ အလုံအလောက် မခန့်နိုင်တဲ့ ခါးဆက်ပျက်တဲ့ အားနည်းချက်တွေ ရှိနေတယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဆိုသည်။

ယင်းအပြင် လစ်လပ်နေရာများကို အသက် ၂၅ နှစ်အရွယ် ဆရာ၊ ဆရာမများ အလျင်လို ခန့်ထားလျှင်လည်း အသက် ၆၀ ပြည့်၍ ပင်စင်ယူချိန်တွင် လူသားအရင်းအမြစ် ပြတ်တောက်မှုနှင့် ကြုံတွေ့နိုင်သောကြောင့် ရေရှည်စီမံကိန်းများ စဉ်းစားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။ 

“Human Resource Development Plan မဆွဲနိုင်သေးခင် အသက် ၆၀ ပြည့်ပေမယ့် နောက်ထပ်ယူ (အလုပ်လုပ်) လို့ ရတယ်ဆိုတဲ့ ဆရာ၊ ဆရာမကြီးတွေကို နောက်ထပ် နှစ်နှစ် သုံးနှစ် ဆက်ပြီး တောင်းဆိုလို့ ရနိုင်၊ မရနိုင် ဆွေးနွေးနေတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက The Voice သို့ ပြောကြားသည်။

အခြေခံပညာကဏ္ဍတွင် နှစ်စဉ် သက်ပြည့်ပင်စင် ယူသူ ၈၀၀၀ မှ ၁၂,၀၀၀ ဦးဝန်းကျင် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

သက်ပြည့်ပင်စင် ယူခါနီး ဆရာ၊ ဆရာမများကို သက်တမ်းထပ်တိုးခွင့် အစီအစဉ်သည် အစိုးရသစ် လက်ထက်တွင်မှ ပထမဆုံးအကြိမ် စတင်ခြင်းဖြစ်သည်။

The Voice Weekly
နိုင်ငံတစ်ဝန်း လစ်လပ်နေသော အခြေခံပညာ ဆရာ၊ ဆရာမများ နေရာတွင် ပင်စင်စားနှင့် ပင်စင်ယူခါနီး ဆရာ၊ ဆရာမတို့ကို ပင်စင်သက်တမ်းတိုး၍ ဆက်လက်ခန့်ထားရန် အစီအစဉ်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ က ပြောကြား သွားသည်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဇူလိုင်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် အခြေခံ ပညာ ဆွေးနွေးပွဲ၌ အဆိုပါ အစီအစဉ်ကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက် လက် ပြော ဆိုသည်။

“ပညာရေးမှာ အားသာချက်တွေ အများကြီး ရှိနေသလို အားနည်းချက်တွေလည်း အများကြီး ရှိနေတယ်။ ဆရာ ဆရာမတွေ အလုံအလောက် မခန့်နိုင်တဲ့ ခါးဆက်ပျက်တဲ့ အားနည်းချက်တွေ ရှိနေတယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဆိုသည်။

ယင်းအပြင် လစ်လပ်နေရာများကို အသက် ၂၅ နှစ်အရွယ် ဆရာ၊ ဆရာမများ အလျင်လို ခန့်ထားလျှင်လည်း အသက် ၆၀ ပြည့်၍ ပင်စင်ယူချိန်တွင် လူသားအရင်းအမြစ် ပြတ်တောက်မှုနှင့် ကြုံတွေ့ နိုင်သောေ ကြာင့် ရေရှည်စီမံကိန်းများ စဉ်းစားရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

“Human Resource Development Plan မဆွဲနိုင်သေးခင် အသက် ၆၀ ပြည့်ပေမယ့် နောက်ထပ်ယူ (အလုပ်လုပ်) လို့ ရတယ်ဆိုတဲ့ ဆရာ၊ ဆရာမကြီးတွေကို နောက်ထပ် နှစ်နှစ် သုံးနှစ် ဆက်ပြီး တောင်း ဆိုလို့ ရနိုင်၊ မရနိုင် ဆွေးနွေးနေတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက The Voice သို့ ပြောကြားသည်။

အခြေခံပညာကဏ္ဍတွင် နှစ်စဉ် သက်ပြည့်ပင်စင် ယူသူ ၈၀၀၀ မှ ၁၂,၀၀၀ ဦးဝန်းကျင် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

သက်ပြည့်ပင်စင် ယူခါနီး ဆရာ၊ ဆရာမများကို သက်တမ်းထပ်တိုးခွင့် အစီအစဉ်သည် အစိုးရသစ် လက်ထက်တွင်မှ ပထမဆုံးအကြိမ် စတင်ခြင်းဖြစ်သည်။

The Voice Weekly

No comments:

Post a Comment