Monday 7 July 2014

တနင်္သာရီတိုင်းတွင် မော်တော်ဆိုင်ကယ် လိုင်စင်စီမံချက်မှ အခွန်ငွေ ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော်ရ

Photo: တနင်္သာရီတိုင်းတွင် မော်တော်ဆိုင်ကယ် လိုင်စင်စီမံချက်မှ အခွန်ငွေ ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော်ရ
Monday, July 7, 2014

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမဝင် မော်တော်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးလျက် ရှိရာ ယခုနှစ် စီမံချက်ကာလတွင် မော်တော်ဆိုင်ကယ် ၁၉၇၁၈ စီးကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး အခွန်ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇,၀၀၀ ကျော် ရရှိခဲ့ကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်းရေး ညွှန်ကြားရေးမှူး ဦးစီးဌာန (ကညန) ရုံးထံမှ သိရသည်။

စီမံချက် ကာလအတွင်း ထားဝယ်ခရိုင်တွင် ဆိုင်ကယ် ၆၉၁၈ စီး၊ မြိတ်ခရိုင်တွင် ၈၀၄၁ စီး၊ ကော့သောင်းခရိုင်တွင် ၄၇၅၉ စီးတို့ကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး အခွန်ငွေ ၁,၇၂၆,၆၄၁,၃၅၃ ကျပ် ရရှိခကြောင်း အထက်ပါရုံးမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့သုံးမြို့တွင် ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ရုံးအချိန်အတွင်း ယာဉ်လိုင်စင် ပြုလုပ်ပေးခဲ့ပြီး၊ ဇွန်လမှစ၍ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ထားဝယ်ခရိုင် အတွင်း လောင်းလုံးမြို့၊ သရက်ချောင်းမြို့၊ ရေဖြူမြို့၊ ကံပေါက်ဒေသ၊ မြိတ်ခရိုင်တွင် ကျွန်းစုမြို့၊ တနင်္သာရီမြို့နှင့် ပုလောမြို့၊ ကော့သောင်းခရိုင်တွင် ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲနှင့် ဘုတ်ပြင်းမြို့တို့သို့ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်ဟု အထက်ပါရုံးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဇွန်လ ၅ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ လုပ်ဆောင်ပေးခဲ့သော စီမံချက်ကာလ၌ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်ခရိုင်တွင် ၂၇၄၂၁ စီး၊ မြိတ်ခရိုင်တွင် ၂၁၄၆၅ စီးနှင့် ကော့သောင်းခရိုင် ၇၇၂၈ စီး စုစုပေါင်း ၅၆၆၁၄ စီး လုပ်ဆောင်ပေးခဲ့သည်ဟု ကညနရုံး မှတ်တမ်းအရ သိရသည်။

တရားမဝင် တင်သွင်းထားသော မော်တော်ဆိုင်ကယ်များကို ယာဉ်လိုင်စင် ပြုလုပ်ပေးခဲ့သည်မှာ ၁၉၉၉ ခုနှစ်မှ ယခုအချိန်အထိ ၉ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။ 

(Dawei Watch)
The Voice Weekly
တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမဝင် မော်တော်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးလျက် ရှိရာ ယခုနှစ် စီမံချက်ကာလတွင် မော်တော်ဆိုင်ကယ် ၁၉၇၁၈ စီးကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး အခွန်ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇,၀၀၀ ကျော် ရရှိခဲ့ကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်းရေး ညွှန်ကြားရေးမှူး ဦးစီးဌာန (ကညန) ရုံးထံမှ သိရသည်။
စီမံချက်ကာလအတွင်း ထားဝယ်ခရိုင်တွင် ဆိုင်ကယ် ၆၉၁၈ စီး၊ မြိတ်ခရိုင်တွင် ၈၀၄၁ စီး၊ ကော့သောင်း ခရိုင်တွင် ၄၇၅၉ စီးတို့ကို လိုင်စင်ပြုလုပ်ပေးခဲ့ပြီး အခွန်ငွေ ၁,၇၂၆,၆၄၁,၃၅၃ ကျပ် ရရှိခကြောင်း အထက်ပါရုံးမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့သုံးမြို့တွင် ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ အထိ ရုံးအချိန်အတွင်း ယာဉ်လိုင်စင် ပြုလုပ်ပေးခဲ့ပြီး၊ ဇွန်လမှစ၍ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် များတွင် ထားဝယ်ခရိုင် အတွင်း လောင်းလုံးမြို့၊ သရက်ချောင်းမြို့၊ ရေဖြူမြို့၊ ကံပေါက်ဒေသ၊ မြိတ်ခရိုင်တွင် ကျွန်းစုမြို့၊ တနင်္သာရီမြို့နှင့် ပုလောမြို့၊ ကော့သောင်းခရိုင်တွင် ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲနှင့် ဘုတ်ပြင်းမြို့ တို့သို့ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်ဟု အထက်ပါရုံးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဇွန်လ ၅ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ လုပ်ဆောင်ပေးခဲ့သော စီမံချက်ကာလ၌ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်ခရိုင်တွင် ၂၇၄၂၁ စီး၊ မြိတ်ခရိုင်တွင် ၂၁၄၆၅ စီးနှင့် ကော့သောင်းခရိုင် ၇၇၂၈ စီး စုစုပေါင်း ၅၆၆၁၄ စီး လုပ်ဆောင်ပေးခဲ့သည်ဟု ကညနရုံး မှတ်တမ်းအရ သိရသည်။

တရားမဝင် တင်သွင်းထားသော မော်တော်ဆိုင်ကယ်များကို ယာဉ်လိုင်စင် ပြုလုပ်ပေးခဲ့သည်မှာ ၁၉၉၉ ခုနှစ်မှ ယခုအချိန်အထိ ၉ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment