Monday 7 July 2014

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော သူပုန်များ၏ အမာခံနယ်မြေများကို အစိုးရတပ် ပြန်လည်သိမ်းပိုက်

Photo: ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသော သူပုန်များ၏ အမာခံနယ်မြေများကို အစိုးရတပ် ပြန်လည်သိမ်းပိုက်
Monday, July 7, 2014 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသရှိ ရုရှားလိုလားသော ခွဲထွက်ရေးဝါဒီ လက်နက်ကိုင်များ၏ အမာခံနယ်မြေကို ယူကရိန်းအစိုးရ တပ်ဖွဲ့များက ပြန်လည် သိမ်းယူလိုက်နိုင်ပြီဖြစ်ရာ ယူကရိန်းသမ္မတက ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လက်နက်ကိုင် ခွဲထွက်ရေး ဝါဒီများ၏ အမာခံဒေသ ဖြစ်သော ဆလိုဗန်ဆက်ကို ပြန်လည် သိမ်းယူလိုက်နိုင်ခြင်းသည် ပြည့်ဝသည့် အောင်မြင်မှုတစ်ရပ် မဟုတ်သော်လည်း အရေးကြီးသော ဖြစ်ရပ်တစ်ခုပင် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ပြောကြားသည်။ 

ယူကရိန်း အစိုးရတပ်များသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အဆုံးသတ်သွားသည့် အချိန်မှစ၍ ဒွန်နီဆတ်နှင့် လူဟန်ဆတ် ဒေသများရှိ ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြသည်။ 

ခွဲထွက်ရေး သူပုန်များက အခြားပြည်နယ်ဒေသ မြို့တော်နှစ်ခုကို သိမ်းပိုက်ထားသော်လည်း ဆလိုဗန်ဆက် ပြည်နယ်သည် သူပုန်များအတွက် အဓိက အမာခံဒေသ ဖြစ်သောကြောင့် သမ္မတပိုရိုရှန်ကိုက ချီးမွမ်းပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

ဆလိုဗန်ဆတ်ပြည်နယ်သည် ပုန်ကန်ထကြွမှုများအတွက် ပင်မနေရာ တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး သူပုန်များက တရားမဝင် ကြေညာထားသော ဒွန်နီဆတ် ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ရေးဗဟိုဌာန တည်ရှိရာလည်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့ ဆလိုဗန်ဆတ်ကို အစိုးရတပ်ဖွဲ့က ပြန်လည်သိမ်းပိုက် ရယူလိုက်ပြီးနောက် မြို့တော်ခန်းမတွင် ယူကရိန်းနိုင်ငံ အလံတော်ကို ပြန်လည် လွှင့်တင်နိုင်ခဲ့သည်ဟု စစ်ဘက်က ဆိုသည်။ 

“ဆလိုဗန်ဆတ် ဒေသကနေ ခွဲထွက်ရေး အင်အားစုတွေကို သမ္မတကြီးရဲ့ အမိန့်ပေးချက်အတိုင်း ယူကရိန်း တပ်ဖွဲ့ဝင်တွေက မောင်းထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ယူကရိန်းကာကွယ်ရေး ဝန်ကြီးချုပ်သစ် ဗလာရီဟစ်တာရီက ပြောကြားသည်။ 

ဆလိုဗန်ဆတ်ဒေသရှိ အရေးကြီးသော အုပ်ချုပ်ရေး အဆောက်အအုံများပေါ်တွင် ယူကရိန်းအလံကို ပြန်လည်လွှင့်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ယူကရိန်းအရှေ့ပိုင်း ရုရှားဘာသာ စကားပြောသည့် နေရာဒေသများအတွင်း ပုန်ကန်ထကြွမှုများသည် အနောက်ကမ္ဘာနှင့် ရုရှားအကြား ကြီးမားသော တင်းမာမှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

အနောက်ကမ္ဘာနိုင်ငံများက ရုရှားသည် အဆိုပါဒေသတွင်း ပုန်ကန်ထကြွမှုများကို ကျောထောက်နောက်ခံ ပေးလျက်ရှိသည်ဟု စွပ်စွဲပြောဆိုပြီး မော်စကို အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု များ ပြုလုပ် ခဲ့သည်။

သို့သော် မော်စကိုအစိုးရက အဆိုပါ စွပ်စွဲပြောဆိုမှုများ မှန်ကန်မှုမရှိဟု တုံ့ပြန် ပြောဆိုလျက်ပင် ရှိသည်။

The Voice Weekly
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသရှိ ရုရှားလိုလားသော ခွဲထွက်ရေးဝါဒီ လက်နက်ကိုင်များ၏ အမာခံနယ်မြေ ကို ယူကရိန်းအစိုးရ တပ်ဖွဲ့များက ပြန်လည် သိမ်းယူလိုက်နိုင်ပြီဖြစ်ရာ ယူကရိန်းသမ္မတက ဝမ်းမြောက်ဝမ်း သာ ချီးမွမ်းပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
လက်နက်ကိုင် ခွဲထွက်ရေး ဝါဒီများ၏ အမာခံဒေသ ဖြစ်သော ဆလိုဗန်ဆက်ကို ပြန်လည် သိမ်းယူလို က်နိုင်ခြင်း သည် ပြည့်ဝသည့် အောင်မြင်မှုတစ်ရပ် မဟုတ်သော်လည်း အရေးကြီးသော ဖြစ်ရပ် တစ်ခု ပင် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ပြောကြားသည်။

ယူကရိန်း အစိုးရတပ်များသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အဆုံးသတ်သွားသည့် အချိန်မှစ၍ ဒွန်နီဆတ်နှင့် လူဟန်ဆတ် ဒေသများရှိ ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြသည်။

ခွဲထွက်ရေး သူပုန်များက အခြားပြည်နယ်ဒေသ မြို့တော်နှစ်ခုကို သိမ်းပိုက်ထားသော်လည်း ဆလိုဗန် ဆက် ပြည်နယ်သည် သူပုန်များအတွက် အဓိက အမာခံဒေသ ဖြစ်သောကြောင့် သမ္မတပိုရိုရှန်ကိုက ချီးမွမ်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆလိုဗန်ဆတ်ပြည်နယ်သည် ပုန်ကန်ထကြွမှုများအတွက် ပင်မနေရာ တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး သူပုန်များက တရားမဝင် ကြေညာထားသော ဒွန်နီဆတ် ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ရေးဗဟိုဌာန တည်ရှိ ရာလည်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့ ဆလိုဗန်ဆတ်ကို အစိုးရတပ်ဖွဲ့က ပြန်လည်သိမ်းပိုက် ရယူလိုက်ပြီးနောက် မြို့တော် ခန်းမတွင် ယူကရိန်းနိုင်ငံ အလံတော်ကို ပြန်လည် လွှင့်တင်နိုင်ခဲ့သည်ဟု စစ်ဘက်က ဆိုသည်။

“ဆလိုဗန်ဆတ် ဒေသကနေ ခွဲထွက်ရေး အင်အားစုတွေကို သမ္မတကြီးရဲ့ အမိန့်ပေးချက်အတိုင်း ယူကရိန်း တပ်ဖွဲ့ဝင်တွေက မောင်းထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ယူကရိန်းကာကွယ်ရေး ဝန်ကြီးချုပ်သစ် ဗလာရီဟစ် တာရီ က ပြောကြားသည်။

ဆလိုဗန်ဆတ်ဒေသရှိ အရေးကြီးသော အုပ်ချုပ်ရေး အဆောက်အအုံများပေါ်တွင် ယူကရိန်းအလံကို ပြန် လည် လွှင့်ထူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယူကရိန်းအရှေ့ပိုင်း ရုရှားဘာသာ စကားပြောသည့် နေရာဒေသများအတွင်း ပုန်ကန်ထကြွမှုများသည် အနောက်ကမ္ဘာနှင့် ရုရှားအကြား ကြီးမားသော တင်းမာမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အနောက်ကမ္ဘာနိုင်ငံများက ရုရှားသည် အဆိုပါဒေသတွင်း ပုန်ကန်ထကြွမှုများကို ကျောထောက်နောက် ခံ ပေးလျက်ရှိသည်ဟု စွပ်စွဲပြောဆိုပြီး မော်စကို အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု များ ပြုလုပ် ခဲ့သည်။

သို့သော် မော်စကိုအစိုးရက အဆိုပါ စွပ်စွဲပြောဆိုမှုများ မှန်ကန်မှုမရှိဟု တုံ့ပြန် ပြောဆိုလျက်ပင် ရှိသည်။

The Voice Weekly

No comments:

Post a Comment