Wednesday 29 April 2015

ကချင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့အစိုးရနှင့် ကေအိုင်အို ကွင်းဆင်းစစ်ဆေးမည်

လတ်တလောတိုက်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းဒေသများသို့ အစိုးရနှင့် ကေအိုင်အိုတို့ပူးတွဲ ၍ ကွင်းဆင်းလေ့လာ မည် ဖြစ် ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့တို့ ဧပြီ ၂၇ ရက်က မြစ်ကြီးနားမြို့ရှိ အလုပ်အဖွဲ့ရုံးတွင် တွေ့ဆုံဆွေး နွေးစဉ် ယင်းသို့ သဘောတူခဲ့ကြ ခြင်းဖြစ်သည်။

‘‘အခု လတ်တလော ပဋိပက္ခ ဖြစ်နေတဲ့ တပ်ရင်း (၁၄) နဲ့ တပ် ရင်း (၆) အကြောင်းတွေ ဆွေးနွေး ဖြစ် တယ်။ ဆွေးနွေးတော့ နည်း နည်း ငြင်းခုံကြတယ်။ ဒါကြောင့် အောက်ခြေအထိ ကွင်းဆင်းပြီး လေ့လာဖို့ အကြမ်းအားဖြင့် သ ဘောတူခဲ့ကြတယ်’’ဟု ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ချန် ဆန်အောင် က ပြော သည်။

ယင်းကဲ့သို့ ကွင်းဆင်းလေ့ လာရန် မြန်မာ့တပ်မတော်ဘက် က အထက်သို့ အဆင့်ဆင့် တင်ပြ မည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော် ဆောင် ရွက်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့သည် ဧပြီ ၆ ရက်က တွေ့ဆုံခဲ့ပြီးနောက် ဧပြီ ၁၈ ရက်မှ စတင်၍ ဖားကန့်ရှိ ဒေသ အချို့နှင့် တနိုင်းဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

7Day DAILY 

No comments:

Post a Comment