Wednesday 29 April 2015

ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော အနှိပ်ခန်းများကို ပြည်သူများ တိုင်ကြားနိုင်ဟုဆို

အနှိပ်ခန်းတစ်ခုမြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော အနှိပ်ခန်းများကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်နေ ပြည်သူများအနေဖြင့် ရဲစခန်းသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။

တရားမဝင်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများကို ပြည်သူများက တိုင်ကြားသော်လည်း အရေးယူဆောင်ရွက် ခြင်းမရှိသော ရဲဝန်ထမ်းများကို ရဲဥပဒေ အရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ရဲမှူးကြီးက သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြော ကြားသည်။

‘‘ဒီဆိုင်တွေကို တရားဝင်ဖွင့် ခွင့်ပေးမထားပါဘူး။ ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ ရှိပါတယ်။ ပြည့်တန်ဆာတွေလည်း ဖမ်းတယ်။ သက်ဆိုင်ရာရဲစခန်းတွေကို သွားတိုင်လို့ရပါတယ်။ သူတို့က အရေးယူ ဆောင်ရွက်မ ပေးရင် ရဲဥပဒေအတိုင်း အရေးယူ မယ်’’ဟု ၎င်းက သတင်းထောက် များအား ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း အနှိပ်ခန်းများဖွင့်လှစ်ခွင့်မ ပြုထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားနေ သော်လည်း မြို့နယ်အများစုတွင် အနှိပ်ခန်းများဖွင့် လှစ်လုပ်ကိုင်နေပြီး ဖမ်းဆီးချိန် များ၌ ခေတ္တဆိုင် ပိတ်သိမ်း လေ့ရှိ ကြောင်း စမ်းချောင်းမြို့နယ်နေသူ တစ်ဦးက ပြောသည်။

‘‘ရပ်ကွက်တွေထဲမှာ ဒီလို ဆိုင်တွေဖွင့်တော့ ရပ်ကွက်နေ ပြည်သူတွေ နစ်နာတယ်။ ဆိုင် တွေဖမ်းတဲ့အပြင် ဒီဆိုင်တွေကို ငှားတဲ့ အခန်းပိုင်ရှင်တွေကိုလည်း အရေးယူသင့်တယ်။ ကျန်းမာရေး အတွက် တကယ်သန့်ရှင်းတဲ့ အနှိပ်ခန်းတွေတော့ ဖွင့်သင့်ပါ တယ်’’ဟု ၎င်းကပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ နယ်များတွင် ကေတီဗီဆိုင်များ၊ အရက်ရောင်းချသည့် ဆိုင်များကို ခွင့်ပြုထားသော်လည်း စည်းကမ်းနှင့်ကိုက်ညီခြင်းမရှိပါက တိုင်ကြားနိုင်ပြီး တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးလင်းကိုကိုက ပြောသည်။

‘‘သက်ဆိုင်ရာမြို့နယ်အ လိုက် စည်းကမ်းထိန်းဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ လိုအပ်တဲ့ မြို့နယ်တွေဆိုရင် ဒေသန္တရအမိန့်တွေ ထုတ်ပါတယ်။ စည်းကမ်းမဲ့ဖွင့်တဲ့ ဆိုင်တွေကိုလည်း ပိတ်သိမ်း အရေးယူ ဆောင်ရွက်တာတွေရှိတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်များအရ ကာမစိတ်ကြွဆေးများဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါး ဖမ်း ဆီးခြင်း၊ အနှိပ်ခန်း များဖမ်းဆီးခြင်းများ ဆောင်ရွက် လျက်ရှိပြီး ယခုနှစ်တွင် အနှိပ်ခန်း ၁၄ ခန်းဖမ်းဆီး ထားပြီး ၂၀၁၄ တွင် အနှိပ်ခန်း ၄၂ ခန်းဖမ်းဆီးခဲ့ ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment