Wednesday 29 April 2015

လိပ်ကျွန်းလူသတ်မှု တရားလိုပြသက်သေများကို ဧပြီ ၃၀ တွင် စတင်စစ်ဆေးမည်

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာလုပ်သားနှစ်ဦး၏ အမှုမှတရားလိုပြသက်သေများကို ဧပြီ ၃၀ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည့် အဆိုပါ ရုံးချိန်းကို ယခင်သတ်မှတ်ထားသည့် ရက်ထက် သုံးလစော၍ စစ်ဆေးခြင်းဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုကို ပထမဆုံးအကြိမ် စစ်ဆေးမည့် ရုံးချိန်းဖြစ်ကြောင်း မြန်မာသံရုံးအဖွဲ့ကပြောသည်။

‘‘အစတုန်းက သတ်မှတ် ထားတာကဇူလိုင်လမှာပါ။တရား သူကြီးအပြောင်းအလဲလုပ်တော့ စစ်ဆေးရမယ့် သူတွေလည်းများတော့ ဧပြီ ၃၀ ရက်ကို ပြန်ချိန်း လိုက်တာပါ။ ဒီရုံးချိန်းမှာတော့ တရားလိုပြသက်သေ တွေကို စစ်ဆေးမယ်လို့ သိရပါတယ်။ အန်ကယ်တို့ မြန်မာ့သံရုံးအဖွဲ့က၂၉ ရက်သွားကြမှာပါ။ ထိုင်းရှေ့နေ များကောင်စီကလည်း လာမယ် လို့ သိရပါတယ်’’ဟု ရှေ့နေ ဦး အောင်မျိုးသန့်ကပြောသည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် ကို ထိုင်းအစိုးရဘက်က ထိုင်းရဲ ၄၅ ဦး၊ ဆေးဆရာဝန်ငါးဦးနှင့် မြန်မာခုနစ်ဦး စုစုပေါင်း ၆၅ ဦး သက်သေထွက်ဆိုမည်ဟု အမှုစစ်ဆေးမည့် ကော့စမွီခရိုင် တရားသူကြီးထံ စာရင်းပေး ထား ကြောင်း ရှေ့နေဦးအောင်မျိုးသန့် က ဆက်လက်ပြောကြားသည်။

မြန်မာလုပ်သားနှစ်ဦးဘက်မှ သက်သေထွက်ဆိုပေးရန် မြန်မာလုပ်သားနှစ်ဦးနှင့် နီးစပ်သူ ၃၁ ဦး ရှာဖွေ စာရင်းသွင်းထား ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ သတင်းရရှိသည်။ 

လိပ်ကျွန်းလူသတ်မှုဖြင့် အမှုတွဲတင်ပြီးနောက်ပိုင်း ၂၀၁၄ ဒီဇင်ဘာ ၈ ရက်က မြန်မာလုပ် သားနှစ်ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာ ကော့စမွီခရိုင်တရားသူကြီးက အပြစ်ရှိကြောင်း ၀န်ခံလျှင် ပြစ်ဒဏ် ထက် ၀က်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်း အရေးယူ ခံရမည်ဟုပြောဆိုရာ မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟု ပြန်လည်ပြောဆိုထား သည်။ မြန်မာလုပ်သားနှစ်ဦး သည် ထိုင်းရဲတပ်ဖွဲ့ကို ကြောက်လန့်၍ ၎င်းတို့သတ်လိုက်သည်ဟု ၀န်ခံ ထား သော်လည်း မိဘများလာရောက်တွေ့ဆုံချိန်တွင် လူသတ်မှုကျူးလွန်ခြင်းမရှိကြောင်းကတိ ပေးဝန်ခံ ပြောကြား ထားသည်။

ဒုတိယမြောက်ရုံးချိန်းကို ၂၀၁၄ ဒီဇင်ဘာ ၂၆ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး လိပ်ကျွန်းလူသတ်မှုမှာ မှန်ကန် ခြင်းမရှိဟုဆို ကာ ထိုင်းနိုင်ငံလူ့အခွင့်အရေး ကောင်စီနှင့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့က မြန်မာ လုပ်သား နှစ်ဦးဘက်က လိုက်လံဆောင် ရွက်ပေးနေသည်။

မြန်မာလုပ်သားနှစ်ဦး အမှု ရင်ဆိုင်နေရသော ကော့စမွီမြို့ သည် မြန်မာသံရုံးအထူးအဖွဲ့နှင့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီတို့ နေထိုင်သည့် ဘန်ကောက်မြို့နှင့် မိုင်ပေါင်း ၆၀၀ ခန့် ဝေးကွာကြောင်း ဦးထူးချစ် က ပြောသည်။ 

ကော့စမွီမြို့သည်ကျွန်းတစ် ကျွန်းပေါ်တွင်တည်ရှိပြီး မြန်မာ လုပ်သားနှစ်ဦးဘက်က ထွက်ဆို ပေးရမည့် သက်သေများသည် ထိုကျွန်းပေါ်သို့သွားရန် ဝေးကွာပြီး လုံခြုံရေးစိုးရိမ်ရသောကြောင့် အခက်အခဲများ ရှိနေကြောင်း သ တင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦးတွင် ပြစ်မှုကျူးလွန်သည့် အထောက် အထားများ ခိုင်လုံနေသည်ဟု သေဆုံးသူ ဗြိတိန်စုံတွဲ၏ မိသားစု ၀င်များက ဒီဇင်ဘာ ၅ ရက်၌ ထုတ်ဖော်ပြောကြားထားသည်။

ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီ လာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ (၂၃) နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံ ခဲ့ရခြင်းဖြစ် သည်။ 

7Day DAILY 

No comments:

Post a Comment