Wednesday 29 April 2015

ပြည်မြို့တွင် နှစ်ချို့လိပ်ကြီးတစ်ကောင်သေဆုံး

သေဆုံးသွားသောလိပ်ကြီးအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ− သန်းအောင်ဌေး)
ပြည်မြို့ ဗဟိုမီးသတ် တပ်ဖွဲ့နောက်ကျောရှိ ရေကန်တွင် နှစ်ချို့လိပ်ကြီးတစ်ကောင် ဧပြီ ၂၈ရက် နံနက်က သေဆုံး နေသည်ကို ဒေသခံများတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

အရွယ်အစားကြီးမားသော နှစ်ချို့လိပ်ကြီးသည် သေဆုံးပြီး ရေပေါ်သို့ ပေါ်လာသောကြောင့် ရေကန် အနီးရှိ ဒေသခံများက ဆယ်ယူ၍ ကန်နံဘေးတွင် မြေ မြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရ သည်။

‘‘လိပ်ကြီးအလျားလေးပေ၊ အနံသုံးပေလောက်ကြီးတယ်။ လူလေးယောက်ထမ်းယူရတယ်။ နှစ်ချို့ရေလိပ် အမျိုးအစား ပါ။ ဒီ ကန်ထဲမှာ ဒီလိုမျိုးနှစ်ချို့ရေလိပ် ကြီးတွေ သုံးကောင်လောက်တော့ ရှိမယ်။ နှစ်ချို့ ဆိုပေမယ့် နှစ်ပေါင်း ငါးဆယ်ထက် မပိုနိုင်ဘူး’’ ဟု ရေကန်ကြီးအနီးတွင် နေထိုင်သူ ကိုသန်းအောင်ဌေးက ပြောသည်။

အဆိုပါရေကန်သည် လွန်ခဲ့ သောနှစ်ပေါင်း ၅၀ ခန့်ကပင် တည်ရှိခဲ့ကြောင်း၊ထိုစဉ်က ရေကန်မဟုတ်ဘဲ ချိုင့်ကွက်ကြီးတစ်ခုနှင့် ရေတွင်းနှစ်တွင်းသာရှိခဲ့ကြောင်း၊ ယခုအခါ ပေသုံးရာပတ်လည်ခန့်ရှိ ရေကန်အဖြစ် တည်ရှိနေပြီး ရေခန်းခြောက်လေ့ မရှိကြောင်း ရေကန်အနီးနေထိုင်သူ အသက်(၉၀)အရွယ် အဘွား အိုတစ်ဦးထံမှ သိရသည်။ 

‘‘အရင်ရက်ကလည်း လိပ် ကြီးတစ်ကောင်တက်လာသေးတယ်။ အခုသေသွားတဲ့ လိပ်ကြီးမဟုတ်ဘူး။ လိပ်တွေတက်လာ ရင်ကန်ထဲပဲ ပြန်ချပေးခဲ့တာ။ ရာသီဥတုက ပူလာတာကြောင့် ဒီကောင်တွေ အပေါ် တက်ပြီး လေရှူတာလားမသိဘူး။ အခု လည်း ရာသီဥတုပူလို့ သေတာပဲ လို့ ထင်တယ်။ ဒီရေကန်ကြီးက ဘယ်တုန်းကမှ မခန်းတာ သူတို့ နေမယ်ဆို နေလို့ရပါတယ်’’ဟု ရေကန်ဘေးနေ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ အဆိုပါနှစ်ချို့ ရေ လိပ်များရှိရာ ရေကန်ပေါ်ရှိဗေဒါ များ၊ ဒိုက်နှင့်အမှိုက်များ ရှင်း လင်းခြင်းများ ပြုလုပ်လျက်ရှိပြီး ထက်ဝက်ခန့် ပြီးစီးနေသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

7Day DAILY 

No comments:

Post a Comment