Wednesday 29 April 2015

လိုင်စင်မရှိဘဲ အမျိုးသမီး တစ်ဦးကို စင်ကာပူ ပို့ဆောင်သူကို အရေးယူ

ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မရှိဘဲ အမျိုးသမီးငယ် တစ်ဦးကို စင်ကာပူနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သူ တစ်ဦးကို ပြည်ပ အလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ ဖြင့် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲစခန်းက ဧပြီ ၂၇ ရက်တွင် အမှုဖွင့် အရေးယူထားသည်ဟု မင်္ဂလာတောင်ညွှန့်  မြို့မရဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ မေ ၂၅ ရက်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို မင်္ဂလာတောင်ညွှန့်၊ ကန်တော်လေးရပ်ကွက်တွင် နေထိုင်သည့် ဒေါ်လျော်န်ကိပ်နယ်က စင်ကာပူတွင် အလုပ်ရရန် စရိတ်များ အကုန်ကျခံ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အလုပ်ရပါက လုပ်အားခ ခုနှစ်လစာကို ပြန်လည် ပေးဆပ်ရမည်ဟုဆိုကာ နေအိမ်သို့
ခေါ်ဆောင်ခဲ့သည်။ နေအိမ်တွင် အိမ်အလုပ်များကို စေခိုင်းခဲ့ပြီး ရိုက်နှက်မှုလည်း ပြုခဲ့သည်ဟု ဆိုသည်။

၂၀၁၅ မတ်လ ၁၀ ရက်တွင် ဒေါ်လျော်န်ကိပ်နယ်၏ စီစဉ်ပေးမှုဖြင့် ထိုအမျိုးသမီးလေးမှာ စင်ကာပူသို့ သွားရသော်လည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့်ဟုဆိုကာ အလုပ်မရဘဲ မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခံခဲ့ရသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင်က "ဒီကောင်မလေး မြန်မာနိုင်ငံကို ပြန်ရောက် တော့ လူကုန်ကူး တားဆီးနှိမ်နင်းရေးက စစ်ဆေးမေးမြန်းပြီး တရားလိုပြုအ မှုဖွင့်ထားတာပါ၊ ကျူးလွန် သူကိုလည်း ဖမ်းဆီးထားပါတယ်" ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေါ်လျော်န်ကလိပ်နယ်ကို အမှတ် (၆) လူကုန်ကူး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ် ဝင်းနိုင်က တရားလိုပြု တိုင်တန်းပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ) ၃၂၂/၁၅၊ ပြည်ပ အလုပ် အကိုင် ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment