Wednesday 29 April 2015

ဒုတိယကမ္ဘာစစ်က ဂျပန်စစ်တပ်၏ကျူးလွန်မှုများအတွက် တောင်းပန်ရန် အမေရိကန်တွင် ဆန္ဒပြ

ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တောင်းပန်ဖို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့မှာ ကိုရီးယား နွယ်ဖွား အမေရိကန် ၁၀၀ ကျော်ဟာ ဧပြီ ၂၈ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန်မှာ  ဆန္ဒပြကြတာဖြစ်ပါတယ်။

ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ပြုတာကို ခံခဲ့ရတဲ့ လီယောင်ဆိုးကလည်း ဆန္ဒပြပွဲမှာ ပါဝင်ပါတယ်။
“ခံစားချက်တွေက အခုထိ နာကျင်နေတုန်းပဲ။ သေတဲ့ အထိ မေ့မှာ မဟုတ်ဘူး” လို့ ဆန္ဒပြပွဲမှာ သူက ပြောပါတယ်။

စစ်ကြီးအတွင်း ဂျပန်စစ်တပ်က အိမ်နီးချင်းနိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တရားဝင် တောင်းပန်ဖို့ တောင်း ဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသမားတွေက ကိုင်ထားကြပါတယ်။

ဝါရှင်တန် အခြေစိုက် လိင်ကျွန်များ အဖွဲ့ရဲ့ဥက္ကဋ္ဌ ဂျွန် ဆေးလီက ၀န်ကြီးချုပ် အာဘေးဟာ ၀မ်းနည်းကြောင်းပဲ ပြောပြီး တောင်း ပန်ဖို့ ပျက်ကွက်နေ တယ်လို့ ပြောပါတယ်။

အမေရိကန် အရပ်သား အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး ဘရိုင်ယန် ဘက်ကာကလည်း ဒီလို သမိုင်းရေးရာ ပြဿ    နာတွေ ရှိနေလျက်၊ ဂျပန်က စစ်ရာဇ၀တ်မှုကို ၀န်ခံဖို့ ပျက်ကွက်နေပါလျက်နဲ့ အာရှပစိတ်ဖိတ် လွှမ်းခြုံ ကုန်သွယ်ရေး သဘောတူညီချက် ကိစ္စကို ရှေ့ဆက်လုပ်ဖို့ မသင့်ဘူးလို့ ပြောပါတယ်။

ဂျပန် စစ်တပ်ထဲမှာ လိင်ကျွန်ဖြစ်ခဲ့ရတဲ့ အသက် ၈၇ နှစ်အရွယ် လီယောင်ဆိုးက သမိုင်းကို အမှန်အတိုင်း ရင်မဆိုင်ဘဲ အနာဂတ်ကို ဆက်သွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“အတိတ်ကို မေ့လို့ မရဘူး။ အမြဲတမ်း ခြောက်လှန့်နေတယ်။ ကျမတို့ သေတဲ့အထိ ဆက်တိုက်သွားမယ်။ ကျမတို့ပဲ နိုင်မှာပါ” လို့ လီက ပြောပါတယ်။
DVB

No comments:

Post a Comment