Wednesday 29 April 2015

မြေကွက် ၁ မီတာပတ်လည်ကို ၁ ယူရိုနှုန်းနဲ့ ဝယ်ယူနိုင်မယ့် ပြင်သစ်တောင်ပိုင်းကမြို့

ပြင်သစ်နိုင်ငံတောင်ပိုင်းက Champ-du-Boult ဆိုတဲ့တဲ့မြို့လေးတစ်မြို့မှာ မြေကွက်ဝယ်ယူချင်သူတွေ အတွက် ၁ မီတာပတ်လည်ကို ၁ ယူရိုနှုန်းနဲ့ရောင်းချမယ့် အစီအစဉ်တရပ် အဲဒီမြို့တော်ဝန်က ကြေငြာ လိုက်ပါတယ်။ အကြောင်းကတော့ ဒီမြို့လေးမှာ လူဦးရေးနည်းပါးနေပြီး စီးပွားရေးမဖွံ့ဖြိုးသေးတဲ့အတွက် လာရောက်နေထိုင်သူတွေ များလာအောင် ပြုလုပ်လိုက်တဲ့မြို့တော်ဝန်ရဲ့ အစီအစဉ်ဖြစ်ပါတယ်။


လက်ရှိမှာတော့ Champ-du-Boult မြို့မှာနေထိုင်သူ လူဦးရေဟာ ၃၈၈ ဦးပဲရှိပြီး လေးပုံတစ်ပုံလောက်က ဗြိတိန်ကလာရောက်နေထိုင်သူတွေဖြစ်ပါတယ်။ ဒီမြို့ကလေးကို တို့ချဲ့ဖို့အတွက် လောလောဆယ် ရောင်းချမယ့် မြေအကျယ်အဝန်းဟာ ၁၀၀၀ မီတာပတ်လည်လောက်အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် လည်း မြေကွက်ဝယ်ယူမယ့်သူတွေဟာ အဲဒီမြို့မှာ အမှန်တကယ်နေထိုင်ဖို့ လိုအပ်ပြီး အားလပ်ချိန် ရောက်မှ အပန်းဖြေဖို့ ဝယ်ယူထားတာမျိုး လုပ်လို့မရပါဘူး။ မြို့ငယ်လေးကို သစ်တောတွေနဲ့ လယ်ကွင်း တွေက ဝန်းရံထားပါတယ်။ မြို့ကလေးရဲ့ အားနည်းချက်ကတော့ လူဦးရေနည်းပါးသေးတဲ့အတွက် လူငယ်တွေ အလုပ်ရှာဖို့ အဆင်မပြေတာပါပဲ။

၁၉၈၀ လောက်က ဒီမြို့ကလေးမှာ လူဦးရေ ၅၀၀ လောက်ရှိခဲ့ပြီး ၁၉၀၀ ပြည့်နှစ်လောက်ကတော့ ၁၃၀၀ ဝန်းကျင်လောက်ရှိခဲ့ပါတယ်။ ဒီမြို့ကလေးက မြေကွက်တွေကို ၂၀၀၇ ခုနှစ်တုန်းကလည်း ၁ မီတာ ပတ်လည်ကို ၁၂ ယူရိုနဲ့ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူမရှိခဲ့တာကြောင့် အခုလို ၁ မီတာပတ်လည်ကို ၁ ယူရိုနှုန်းနဲ့ ရောင်းချဖို့ စီစဉ်ခဲ့ရတာဖြစ်ပါတယ်။ ဒီအစဉ်အစဉ်ကြေငြာပြီးတဲ့နောက် မြို့တော်ဝန်ရုံးခန်းကို အီးမေးလ်နဲ့ဆက်သွယ်သူ အများအပြားရှိလာပြီး အများစုကတော့ ဗြိတိန်နိုင်ငံသားတွေဖြစ်နေပါတယ်။

Ref - telegraph
Planet Myanmar Network 

No comments:

Post a Comment