Wednesday 29 April 2015

တရားမ၀င် စကားပြောစက် များကို အသံလှိုင်း စောင့်ကြည့်ယာဉ်ဖြင့် လဲလှယ် ဖမ်းဆီးမည်

ပြည်တွင်းရှိ တရားမ၀င် စကားပြောစက်များကို အသံလှိုင်း စောင့်ကြည့်ယာဉ် (Spectrum Monitoring Vehicle)  များဖြင့် လှည့်လည်ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ တရားမ၀င် စကားပြောစက် များကြောင့် ဆက်သွယ်ရေး လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်စေနိုင်ခြင်းကြောင့် စတင် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သိရသည်။

တရားမ၀င် စကားပြောစက်တွေ ဖော်ထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပါတဲ့ ယာဉ်တွေကို ၀ယ်ယူထား ပြီးပါပြီ။ မကြာမီ လူဦးရေ များတဲ့ မြို့ တွေကို စတင် စစ်ဆေးမယ် ဟု မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စုံစမ်း ဖော်ထုတ်ရာတွင် တွေ့ရှိပါက ယင်းစက်အား သိမ်းဆည်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့အပြင် လိုအပ်ပါက ထောင်ဒဏ် အထိ ချမှတ်ကာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ စကားပြောစက် များကို အစိုးရ ဌာန ဆိုင်ရာများ၊ တရားဝင် ခွင့်ပြုချက်ယူ ထားသော လုပ်ငန်းများ ကိုသာ ခွင့်ပြုထားပြီး၊ ပြည်သူများကို   အသုံးပြုခွင့်ပေး ထားခြင်း မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment