Wednesday 29 April 2015

ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို မြို့နယ် ရဲတပ်ဖွဲ့ ဖမ်းဆီး

ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ မင်းပြားမြို့နယ် လဟာကျယ်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ကာယကံရှင်၏ မိသားစုဝင်များနှင့် အရပ်ဘက်အဖွဲ့အစည်း များထံမှ သတင်းရရှိသည်။ 

မင်းပြားမြို့နယ် ရဲတပ်ဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးကို ဧပြီ ၂၅ ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မပြုသည့်အပြင် မည်သည့် နေရာတွင် ထိန်းသိမ်းထားသည် ကိုလည်း မသိရသေးကြောင်း ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။ ‘‘အဆက်အသွယ်မရပါဘူး။ ၂၅ ရက်နေ့က ဖမ်းသွားတာ။ ဖုန်း ခေါ်လို့လည်း မရဘူး’’ဟု ၎င်းက ပြောသည်။ 

ဖမ်းဆီးခံရသူနှင့် ပတ်သက်၍ မင်းပြားမြို့နယ် ရခိုင်လူမှုကွန်ရက်မှ တာဝန်ရှိသူများက ရဲစခန်းသို့ သွား ရောက်စုံစမ်းရာ ဒေသတွင်းလုံခြုံရေးယူထားသည့် တပ်မတော်သို့သာ သွားရောက်မေးမြန်းရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ 

ဧပြီ ၂၃ ရက်က တပ်မ တော်နှင့် ဆက်သွယ်သည်ဟုဆို ကာ မင်းပြားမြို့နယ်မှ ကျောင်း ဆရာတစ်ဦး ဖမ်း ဆီး ထိန်းသိမ်းခံခဲ့ရသည်။ ကျောက်တော်မြို့အနီး အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) ဖြစ်ပွားသော တိုက်ပွဲကြောင့် ရခိုင်ပြည်နယ် တွင် လုံခြုံရေးတိုးမြှင့်ထားကာ စစ်ဘေးရှောင်ဒုက္ခသည်များ လည်း ရာနှင့်ချီ၍ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment