Wednesday 29 April 2015

နီပေါငလျင်လှုပ်ခတ်စဉ်ကာလအတွင်း ယင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၆၅ဦးရှိ၊ ယင်းတို့နှင့် အဆက်အသွယ် မရရှိသေးဟုဆို

နီပေါနိုင်ငံအ တွင်းအင်အားပြင်းငလျင်လှုပ်ခတ် ခဲ့သည့်ကာလအတွင်း နီပေါနိုင်ငံ သို့ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၆၅ ဦးရှိကြောင်း မြန်မာနိုင်ငံဆိုင် ရာနီပေါသံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ အဆိုပါ ခရီးသွားများသည် နီပေါ နိုင်ငံသို့ဧပြီ ၂ဝရက်မှ ၂၅ရက်အ တွင်းသွားရောက်ခဲ့ခြင်းဖြစ်ပြီး ယင်း တို့နှင့်ပတ်သက်ပြီးသတင်းရရှိမှုများ မရှိသေးကြောင်း သိရသည်။

''တချို့ကအိန္ဒိယဘက်ရောက် နေတာလဲရှိတယ်။ တချို့ကျတော့ လုမ္ဗိနီဘက် ကိုရောက်နေတယ်။ နီပေါ ဘက်ကိုရောက်နေတဲ့ လူကတော့ လေး၊ ငါးဦးလောက်ပဲရှိနိုင်တယ်။ အခုဖြစ်သွားတဲ့နေရာကို မြန်မာခရီး သွားတွေအနေနဲ့သွားလေ့သွားထ တော့သိပ်မရှိဘူး။ သူတို့နဲ့ပတ်သက် တဲ့သတင်းတွေလဲမရသေးဘူး ''ဟု နီပေါသံရုံးမှ တာဝန်ရှိသူကပြောသည်။

အဆိုပါခရီးသွားများအနေဖြင့် ငလျင်လှုပ်ခတ်မှုနှင့်ပတ်သတ်၍ နီပေါနိုင်ငံမြန်မာသံရုံးကိုဆက်သွယ် အကြောင်းကြားနိုင်သော်လည်း သံရုံးအနေဖြင့်ငလျင်ဒဏ်ကြောင့် ဖုန်း၊ အင်တာနက်စသည့် ဆက်သွယ် ရေး လိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

''နီပေါထဲမှာလေး၊ ငါးဦးလောက် တော့ရောက်နေတယ်။ တကယ်လို့ အန္တရာယ်တစ်ခုခုကြုံရလို့ မြန်မာ သံရုံးကိုဆက်သွယ်မယ်ဆိုရင်လဲ သံရုံးမှာတာဝါတိုင်တွေပျက်စီးတာ ကြောင့် ဆက်သွယ်လို့မရနိုင်ဘူး။ အခုတော့အဲဒီကိုရောက်နေတဲ့လူ တွေအနေနဲ့ဆက်သွယ်လာတာမရှိ သေးပါဘူး။ တစ်ခုခုဆိုရင်တော့ မြန်မာနိုင်ငံ နိုင်ငံခြားရေးရာဌာနကိုဆက် သွယ်ကြမှာပါ''ဟု ယင်းကဆိုသည်။

မြန်မာနိုင်ငံမှ နီပေါနိုင်ငံကို သွားရောက်သည့်ခရီးစဉ်အချို့မှာ လည်း သင်္ကြန်ရက်များ မတိုင်မီကတည်းက ရပ်တန့်ထားခြင်းများရှိ နေသဖြင့် ယင်းနိုင်ငံသို့ရောက်ရှိနေ သူနည်းပါးကြောင်း သိရသည်။

နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက်တွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၉ ရှိသောအင်အားပြင်း ငလျင်တစ် ခုလှုပ်ခတ်ခဲ့သည်။

MMA
‪Democracytoday‬

No comments:

Post a Comment