Wednesday 29 April 2015

နာမည်ကျော်အဆိုတော်၏မိခင် လိမ်လည်မှုနှစ်ခု ပ,လပ်ခံရ

ငွေကြေးလိမ်လည်သည် ဟုဆိုကာ တရားစွဲဆိုခံထားရသူ နာမည်ကျော်အဆိုတော်တစ်ဦး ၏မိခင်အား လိမ်လည်မှုနှစ်မှုကို မြို့နယ်တရားရုံးက ပလပ်ပေး လိုက်သောကြောင့် တိုင်းတရားရုံး များသို့ တက်ကာ အဆင့်ဆင့် တ ရားစွဲဆိုမည်ဟု တရားလိုများက ပြောသည်။

နာမည်ကျော်အဆိုတော် သီရိဆွေ၏မိခင် ဒေါ်ဆွေဆွေ အုန်းထံမှ ဒေါ်ရီရီဆွေနှင့် ဒေါ်နှင်း ဆီအောင်တို့က ၂၀၀၉ တွင် ဒေါ် ဆွေဆွေအုန်းပိုင်ဆိုင်သော စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ တိုက်အမှတ်(၅)မှ တိုက်ခန်းနှစ် ခန်းကို ဝယ်ယူခဲ့သည်။

အဆိုပါအခန်းများကို ဒေါ်ဆွေဆွေအုန်းက ဒေါ်ရီရီဆွေ၊ ဒေါ်နှင်းဆီအောင်တို့အပါအဝင် အနည်းဆုံး သုံးဦး ကို ရောင်းချထား သည့်အတွက် စမ်းချောင်းမြို့နယ် တရားရုံးသို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်ဆွေဆွေအုန်းမှာ တိုက် ခန်းလိမ်လည်ရောင်းချမှု၊ ငွေ ကြေးလိမ်လည်မှု၊ လက်ဝတ်ရတ နာလိမ်လည်မှု တို့ဖြင့် တရားလို ခြောက်ဦးက စုစုပေါင်း အမှုရှစ်မှု ဖြင့် ၂၀၁၄ မေလတွင် တရားစွဲဆို ထားခြင်းခံရသည်။

အဆိုပါအမှုရှစ်မှုအနက်မှ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ပါကေး အိတ်များနှင့် ကျွန်းသစ်သား လိမ် လည်မှု အမှုတစ်မှုကို ၂၀၁၄ ဒီဇင် ဘာ ၁၀ ရက်၌ ဒဂုံမြို့သစ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ခွဲချမှတ်ခဲ့သည်။ ကျန်ရှိနေသော အမှုခုနစ်မှုအနက် တိုက်ခန်းလိမ်လည်မှုနှစ်မှုကို တရားသူကြီးက ဟန်ဆောင်စာချုပ် ချုပ် ဆို ထားသည်ဟုဆိုကာ ဧပြီ ၂ ရက်၌ ပလပ်ပေးလိုက်ကြောင်း တရားစွဲဆိုသူ ဒေါ်ရီရီဆွေနှင့် ဒေါ်နှင်းဆီအောင်တို့က ပြောသည်။ ထို့ကြောင့် တိုင်းတ ရားရုံးများသို့ အဆင့်ဆင့်တက်၍ တရားစွဲဆိုမည် ဟု တရားလို ဒေါ်ရီရီဆွေက ပြောသည်။ 

‘‘တရားရုံးမှာ စစ်ဆေးတော့ လည်း ကျွန်မတို့တရားလိုက တရားခံလိုပြန်ဖြစ်နေတယ်။ သူလိမ် လည်သွား တာက မနည်းဘူး။ ဒါတောင် တရားမစွဲတဲ့သူတွေ အများကြီးရှိသေးတယ်။ တရားသူ ကြီးက ဟန်ဆောင် စာချုပ်ချုပ်ဆို တယ်ဆိုပြီး ပလပ်လိုက်တယ်။ ကျွန်မတို့က တိုင်းတရားရုံးတွေ အထိတက်မှာပါ’’ဟု ၎င်းက ပြော သည်။ 

‘‘ကျွန်တော်တို့အမှုကိုလည်း မစစ်ဆေးဘဲ ရုံးချိန်းပဲ ပေးနေ တယ်။ ရုံးချိန်းတွေပဲ ပေးနေတာ ကြာပြီ။ အချိန် ဆွဲနေတာပဲ။ ဒီလိုမျိုး လိမ်လည်မှုတွေကို လွှတ်ပေး လိုက်ရင် လူတွေအကုန်လုံးလိုက် လိမ်နေတော့မှာပေါ့’’ဟု ငွေကြေး လိမ်လည်မှုကြောင့် ဒေါ်ဆွေဆွေ အုန်းအား တရားစွဲဆိုထားသူ အဆိုတော်ဇော်ဝင်းရှိန်က ပြောသည်။

7Day DAILY 

No comments:

Post a Comment