Wednesday 29 April 2015

လွတ်တော်နယက သူရဦးရွှေမန်းအား ကိုးကန့်တိုက်ပွဲများမှ ကျည်များ တရုတ်နိုင်ငံအတွင်း ထပ်မံကျရောက်နေမှု အပေါ် တရုတ်သမ္မတ ဇီကျန်ပင်း သတိပေးကန့်ကွက်

မြန်မာတပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့ များ တိုက်ခိုက်ရာမှာ တရုတ် နယ်စပ်ကို ကျော်ပြီး တိုက်ခိုက်တာကို မလုပ်ရန် တရုတ်အစိုးရက ထပ်ထလဲလဲ တောင်းဆိုလိုက်ပါသည်။ မြန်မာနှင့်ကိုးကန့် တပ်ဖွဲ့ များ အပြန် အလှန် တိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ကျည်ဆန်များ တရုတ်နိုင်ငံ ပိုင်နက်ထဲသို့ ကျရောက်လာအပြီးမှာ ယခုလို ထပ်မံ ပြောကြားတာဖြစ်ပါသည်။
ပြီးခဲ့သည့်လက မြန်မာအစိုးရတပ်များနှင့် ကိုးကန့် သူပုန်များအကြား တိုက်ပွဲများက ဗုံးကျည်ဆန်များသည် တရုတ်ယူနန်ပြည်နယ် ထဲသို့ ကျရောက် ခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့သဖြင့် တရုတ်အစိုးရ ဒေါ်သ အလွန်အမင်း ထွက်ခဲ့ ပါသည်။

ကိုးကန့် ဒေသက တိုက်ပွဲများကို ရှောင်ကြဉ်ရန် တရုတ်လူမျိုး အများစုဖြစ် သည့် ဒုက္ခသည်များသည် လူဦးရေ ထောင်ချီပြီး တရုတ်နိုင်ငံဘက် သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ "မကြာသေးခင်က မြန်မာ ဘက်က ဗုံးဆန်တွေလာကြပြီး တရုတ်ဘက်ကို လာပြီး ပျက်စီးစေတယ် ကံကောင်းလို့ ဒဏ်ရာရ သေဆုံး တာမရှိခဲ့တာ " ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ ပုဂိုလ် ဟွန်လီက နေ့စဉ် သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသည်။ သို့ သော် ဘယ်နေ့ ကဖြစ်ခဲ့သလဲ ဆိုသည့် ရက်အတိအကျကိုမှု ပြော ကြားခြင်းမရှိပါ။

" တရုတ်က မြန်မာဘက်က တာဝန်ရှိသူတွေကို တရားဝင်အကြောင်းကြားခဲ့ ပြီးနောက်တခါ အဲလိုဖြစ်မှာကို ထိထိရောက်ရောက် ကာကွယ်ပေးပါ လို့ တောင်းဆိုထားတယ် ။ မြန်မာဘက် ကလည်း နောက်တခါ အဲလို မဖြစ်အောင် သက်ဆိုင်ရာတာဝန်ရှိသူကိုပြင်းပြင်းထန်ထန် အရေးယူမယ် လို့ ပြောပါတယ်"

တင်္နလာနေ့က တရုတ်သမ္မတ ဇီကျန်ပင်းသည် ဘေဂျင်းမှာရောက်နေသော လွှတ်တော်နာယက သူရ ဦးရွှေမန်းနှင့်လည်း တွေ့ ဆုံရာ အဆိုပါ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအား ကန့်ကွက်ခဲ့ပြီး နယ်စပ် တလျှောက် ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့သည်ဟု ဟွန်လီက ပြော ပါသည်။ " နယ်စပ်ကို အခြေအနေ ပုံမှန် ပြန်ရောက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိ တဲ့ သူတွေက အခြေအနေကို အေးချမ်းတည်ငြိမ်အောင် လုပ်နိုင်မယ် လို့ တရုတ်နိုင်ငံကမျှော်လင့်ပါတယ်"

တရုတ်နယ်စပ်နှင့် မီတာ၅၀၀ ကွာဝေးသောနေရာမှာ အခြေချခုခံနေသည့် ဖုန်ကြားရှင် ဦး ဆောင်သော MNDAA ကိုးကန့် တပ်ဖွဲ့ များနှင့် မြန်မာ စစ်တပ် တိုက်ပွဲများဖြစ်နေကြသည်ဟု မြန်မာပြန်ကြားရေး ၀န်ကြီးဌာနက တင်္နလာနေ့ က ပြောကြားပါသည်။

MNDAA တာဝန်ရှိသူက ပြောကြားရာတွင် မေလတွင် ပန်ဆန်းမြို့  ၀ တပ်ဖွဲ့ ဌာနချူပ်၌ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆွေးနွေး ပွဲသို့  ကိုယ်စားလှယ်စေလွှတ်မည်ဟု ဆိုပါသည်။ မြန်မာ အစိုးရကတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ကို အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ထည့်သွင်းရန် ငြင်းဆို ထားပါသည်။ 

MNDAA သည်ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖွဲ့ ဟောင်းတခုဖြစ်ပြီး တရုတ်က နောက်ခံ ပံပိုးနေ သော ပျောက်ကြားသူပုန်တပ်ဖွဲ့ ဖြစ်ပါသညိ။ ၁၉၈၉ခုနှစ်အထိ မြန်မာအစိုးရနှင့် တိုက်ခိုက်ခဲ့ပြီး ၂၀၀၉ခုနှစ် အထိ ငြိမ်းချမ်းရေး ယူပြီး အပစ်အခတ်ရပ်စဲခဲ့ဖူးပါသည်။

ကိုးကား - ရိုက်တာသတင်း
The Ladies News Journal

No comments:

Post a Comment