Wednesday 29 April 2015

ရက် (၅၀) ဂါဇာ စစ်ပွဲအတွင်း ကုလ စာသင်ကျောင်း များကို အစ္စရေး တိုက်ခိုက်ခဲ့

ဂါဇာ၌ ယမန်နှစ် နွေရာသီတွင် ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့် ဟာ့မာ့စ်အဖွဲ့တို့ကြား တိုက်ပွဲတွင် အစ္စရေး၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ စာသင်ကျောင်း များတွင် ခိုလှုံနေသူ (၄၄) ဦး သေဆုံးခဲ့ ရကြောင်း ကုလ၏ စုံစမ်း စစ်ဆေးမှု တစ်ခုက ဖော်ပြသည်။ ပါလက်စတိုင်းသားများ သေဆုံးခဲ့ရမှု အတွက် ၀န်းနည်း သလို ကုလ လက်အောက်ရှိ အဆောက်အဦများအား တိုက်ခိုက်မှု ကိုလည်း လက်သင့်ခံပေး နိုင်စရာ မရှိကြောင်း ကုလ ထွေချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့သည်။

လူသူ မရှိသော ကုလစာသင်ကျောင်း (၃) ခုတွင် ပါလက်စတိုင်းသား စစ်သွေးကြွ များသည် လက်နက် များကို သိမ်းဆည်း ခဲ့ပြီး တစ်ခါတရံ တွင် ၎င်းနေရာများမှ ပစ်ခတ်မှုများကိုပင် ပြုလုပ်ခဲ့ကြောင်း ကုလ၏ စုံစမ်း စစ်ဆေးမှုတွင် ဖော်ပြထားသည်။ ရက် (၅၀) စစ်ပွဲကြောင့် လူ (၂၂၆၀) ကျော် သေဆုံးခဲ့သည်။ သေဆုံးသူများ အနက် ၂၁၈၉ ဦးမှာ  ပါလက်စတိုင်းသားများ ဖြစ်ကြကြောင်း ကုလ၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။ အစ္စရေးဘက် တွင်မူ အရပ်သား (၆) ဦးနှင့် စစ်သား (၆၇) ဦးသေဆုံး ခဲ့သည်။

ကုလ၏  ပါလက်စတိုင်းသား ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ (UNRWA) ၏ အုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်းများ ဇူလိုင် (၈) မှ သြဂုတ် (၂၆) ရက်နေ့ အတွင်း တိုက်ခိုက်ခံရမှု (၁၀) မှုကို လွတ်လပ် သော စုံစမ်း စစ်ဆေးရေး ဘုတ် အဖွဲ့ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ဘန်က နိုဝင်ဘာတွင် ကတိပေးခဲ့ ပြီးနောက် ယခုကဲ့သို့ စစ်ဆေး တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

နယ်သာလန်နိုင်ငံသား အငြိမ်းစား ဗိုလ်ချုပ် ပက်ထရစ် ကမ်မာယက် ဦးဆောင်သော အဖွဲ့၏ စုံစမ်း စစ်ဆေးမှုတွင် ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း အစ္စရေးနှင့် ဟာ့မာ့စ်တို့က ပြောဆိုခဲ့သည်။ ဘုတ် အဖွဲ့၏ စာမျက် နှာ (၂၀၇) မျက်နှာပါ အစီရင်ခံစာသည် လျှို့ ၀ှက် အဆင့်ဖြစ် သော်လည်း ကုလသည် တွေ့ရှိ မှု အနှစ်ချုပ်ကို တနင်္လာနေ့တွင် ထုတ်ပြန်ပေး ခဲ့သည်။                     

Source:BBC

No comments:

Post a Comment