Wednesday 29 April 2015

မန်စီမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် KIA ဆက်ကြေးကောက်ခံ

မြန်ပြည်မြောက်ပိုင်း၊ ဗန်းမော်ခရိုင်၊ မန်စီမြို့တွင် ဂျိန်းဖောမြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဒင့်မှတဆင့် ရပ်ကွက်အတွင်း နေအိမ် တစ်အိမ်လျှင် ငွေကျပ်(၃၀၀၀၀ိ)စီ KIA မှ ဆက်ကြေးကောက်ခံနေတယ်လို့ သိရှိရသည်။

အုပ်ချုပ်ရေးမှူးကနေ ဆယ်အိမ်ခေါင်းတွေကို လိုက်လံကောက်ခိုင်းနေတာပါ၊ ကျွန်တော်တို့အိမ်လည်း ပါတယ်၊ ဘေးကသုံးအိမ်လည်းပါတယ်၊ ဘာအတွက် ကောက်တာလဲတော့ အတိအကျ မသိဘူး၊ အကုန်လုံး ကောက်တာလားတော့ မသိဘူးလို့ ဂျိန်းဖောမြေရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောဆိုပါသည်။

အဆိုပါ မန်စီမြို့၊ ဂျိန်းဖောမြေရပ်ကွက်တွင် အိမ်ခြေပေါင်း (၂၀၀)ခန့် ရှိသည့်အနက် အိမ်ခြေ(၈၀)ကျော်မှာ ဒေသခံရှမ်းမျိုးနွယ်စုများ နေထိုင်ကြပြီး ၄င်းမန်စီမြို့အနီးတွင် တပ်မတော်မှ တပ်ရင်း(၃၁၉)နဲ့ (၆၀၁)တို့က အဓိက တပ်ဆွဲထားတာလည်း ဖြစ်ပါသည်။

အစိုးရအဖွဲ့အစည်း မဟုတ်သော KIA အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ အခွန်ဆက်ကြေးတွေကို တရားဝင် ကောက်ခံသွားမယ်လို့ ပြောဆိုထားပြီး အခွန်အခ အမျိုးအစား ခေါင်းစဉ်မပါတဲ့ အခွန်ဆက်ကြေး များကို မြန်ပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် မြစ်ရိုးမြေပြန့်ဒေသနှင့် ပူတာအို ခန္တီးလုံဒေသမှာ အများစု နေထိုင်ကြတဲ့ ဒေသခံရှမ်းမျိုးနွယ်စုတွေနဲ့ ကချင်မဟုတ်သော ဒေသခံတိုင်းရင်းသားတွေက မကြာခဏ ဆိုသလို ပေးဆောင်နေရတာလည်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment