Wednesday 29 April 2015

ဆောင်းခိုငှက်တို့ လမ်းမ မှားဖို့ နယူးယောက်မြို့ကြီး မီးမှိန်ပေး ထားမည်

နွေဦးနှင့် ဆောင်းဦးပေါက် ကာလများတွင် ဆောင်းခိုငှက် များသည် နယူးယောက် မြို့ကြီးကို ဖြတ်ပြီး ဦးတည် ရာ ဒေသများသို့ သွားရောက် ကြသည် ဖြစ်ရာ ဆောင်းခိုငှက်များ နယူးယောက် မီးရောင် များ ကြောင့် အာရုံထွေပြား လမ်းမှားခြင်း မဖြစ်စေရန် အတွက် နယူးယောက်မြို့ကြီးကို ညပိုင်း သတ်မှတ်ချိန် များတွင် မီးမှိန်ပေး ထားမည်ဟု သိရသည်။

ဆောင်းခိုငှက်တို့သည် ညပိုင်းတွင် ကြယ်ရောင်ကို ကြည့်ပြီး ပျံသန်းကြခြင်း ဖြစ်သည်။ ညပိုင်းတွင် နယူးယောက်မြို့ကြီး၏ မီးရောင် များကြောင့် ဆောင်းခိုငှက် တို့သည့် မီးရောင်ကို ကြယ်ရောင်နှင့် မှားကာ လမ်းတွေ လွဲကုန်ပြီး တိုက်မြင့်ကြီးများနဲ့ ၀င်တိုက်ကာ သေဆုံးရမှုများ ဖြစ်ပွား လျက်ရှိသည်။ အမေရိကန်နိုင်ငံ တစ်ဝန်း ဆောင်းခိုငှက်များ တိုက်မြင့် မီးရောင်ကို ကြယ်ရောင်နှင့် မှားခြင်းကြောင့် တိုက်နံရံများနဲ့ ၀င်တိုက် သေဆုံးမှုက တစ်နှစ်လျှင် ကောင်ရေသန်း တစ်ထောင်လောက်ထိ ရှိနေကြောင်း သိရသည်။

ဆောင်းခိုငှက်များ၏ အတ္တလန်္တိတ် လမ်းကြောင်းသည် နယူးယောက်မြို့ကြီး ပေါ် က ဖြတ်သန်း တည်ရှိသည်။ ဆောင်းခိုငှက် များ ကူးသန်းမှု အများဆုံး အချိန် ဖြစ်သည့် နွေဦးနှင့် ဆောင်းဦးပေါက် ကာလများတွင် ည (၁၁) နာရီမှ မနက် အရုဏ်တက်ချိန် အတွင်း နယူးယောက်မြို့ကြီး၏ အဓိက နေရာ အတော်များများတွင် မီးမှိန်ထားမည် ဖြစ်ကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေး မှူး အန်ဒရူးကူမိုက ပြောသည်။

မီးမှိန် အစီအစဉ်တွင် မိမိသဘောနှင့် မိမိပါဝင် နိုင်သည်။ ပါဝင်ရန် စာရင်းပေးထားသော အထက်ကရ နေရာ များတွင် ရော့ကဖဲလား စင်တာ၊ ခရိုင်ဆလာ အဆောက်အဦး၊ တိုင်းမ် ၀ါနာစင်တာ တို့လည်း ပါသည်။  နယူးယောက် ပြည်နယ်ရဲ့ တောအုပ် တွေ၊ ရေကန်တွေ၊ မြစ်ချောင်း အင်းအိုင်တွေ မှာ မှီတင်း နေထိုင်ကြတဲ့ ငှက်အပေါင်းကို ပိုကောင်းတဲ့ အနေအထား တစ်ခုဖန်တီးပေး ခြင်း ပထမခြေလှမ်းပါ ဟု မစ္စတာကူမိုက ပြောသည်။

Source: BBC

No comments:

Post a Comment