Wednesday 29 April 2015

ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ မတိုင်ခင် တင့်ကားသစ်များ ရုရှား ထုတ်ပြ

ရုရှားအစိုးရသည် Armata T-14 ဟုခေါ်သည့် မျိုးဆက်သစ် တင့်ကားများကို  ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ မေလ (၉) ရက် မတိုင်ခင်တွင် ထုတ်ဖော် ပြသ လိုက်ကြောင်း သိရသည်။  ထိုတင့်ကားများမှာ မေလ(၉) ချီတက် ပွဲတွင် ပါဝင်နိုင်သည့် လက်နက်သစ်များ ထဲမှ တစ်ခု ဖြစ်ကာ ရုရှား ကာကွယ်ရေး ဌာနက ထိုတင့်ကားပုံ များကို ဓာတ်ပုံများဖြင့် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။ ရုရှားတွင် ယခုနှစ်၌ ပြုလုပ်မည့် ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီ များအား စစ်အောင်နိုင်သည့် အခမ်းအနားတွင် ဥရောပ ခေါင်းဆောင် အများစုမှာ ယူကရိန်းကို ရုရှား ကျူးကျော်မှုအား ကန့်ကွက်သည့် အနေဖြင့် တက်ရောက်မည် မဟုတ်ပေ။

ယခု ထုတ်ပြခဲ့သည့် Armata T-14  တင့်ကားများမှာ လူထိန်းချုပ်စရာ မလိုသည့် ယာဉ်များဖြစ်ပြီး၊ ၁၂၅ မမ အမြောက်များ ပါဝင်ကာ ပဲ့ထိန်း ဒုံးကျည်များကိုလည်း ပစ်ချနိုင်သည်။ တင့်ကား ကိုယ်ထည်သည် ဒုံးကျည် များဖြင့် ပစ်ခတ်သည့် ဒဏ်ကိုလည်း ခံနိုင်ရည် ရှိကြောင်း ဆိုသည်။ လူနှစ်ဦး လိုက်ပါ နိုင်သည့် ထိုတင့်ကားမှာ လက်ရှိ သုံးနေသည့် ရုရှား တင့်ကားများ ထဲတွင် အလုံခြုံဆုံး ဖြစ်ပြီး ကာကွယ်မှုမြင့်မားကြောင်း မီဒီယာ သတင်းများက ဆိုသည်။ ရုရှား ကာကွယ်ရေး ဌာနပိုင် ရုပ်သံလိုင်း Zvezda TV က ထိုတင့်ကား ကိုယ်ထည်ပိုင်းသည် အခြား လက်နက်များကို တပ်ဆင်နိုင်သည့် အနေ အထားရှိပြီး ၎င်း၏ ကွန်ပျူတာ နည်းပညာ၊ မြန်နှုန်းနှင့် လမ်းကြောင်းရှာ သွားလာနိုင်မှုမှာ စက်ရုပ်ယာဉ် တစ်ခုကဲ့သို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ရုရှား သည် လက်ရှိတွင် အဆိုပါ တင့်ကားသစ်များ စီးရေ(၂၃၀၀)ခန့်ကို ၂၀၂၀ ခုနှစ် တွင် စတင် ထုတ်လုပ်ပြီး ဆိုဗီယက်ခေတ် တင့်ကားမော်ဒယ်ဟောင်း များကို အစားထိုး သွားမည် ဖြစ်သည်။        

  Source: BBC

No comments:

Post a Comment