Wednesday 29 April 2015

စက်ရုံတစ်ခုမှ နှစ်ပေါင်း ၂၀ လုံးလုံး ဖမ်းဆီးခိုင်းစေခံခဲ့ရတဲ့ အမျိုးသား

Guangdong ပြည်နယ် ရဲတပ်ဖွဲ့မှ အနှစ် ၂၀ လုံးလုံး မြေအောက်စက်ရုံတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်း ခံထား ရပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အမျိုးသားတစ်ဦးကို ကယ်တင်ခဲ့ကြောင်း သိရပါတယ်။

Jiangxi ပြည်နယ် ဒေသခံဖြစ်တဲ့ Xie Shisheng ဟာ ဆယ်စုနှစ် (၂) ခုနီးပါး ချိတ်ပိတ်ခံထားတဲ့ အမှောင်ခန်းမှ ကယ်ထုတ်ခံရတဲ့အခါ ဘယ်နှစ်ခုနှစ်တုန်းလဲ ဆိုတာတောင် မသိတော့ပါဘူး။ အသက် ၁၆ နှစ်ကတည်းက ဝပ်ရှော့ပ်ထဲ ကျွန်လို အတင်းအဓမ္မ လုပ်အားခိုင်းစေခံခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေသခံတွေဆီက သတင်းပေးချက် ရရှိပြီးနောက် ရဲတပ်ဖွဲ့တွေက တရုတ်နိုင်ငံတောင်ပိုင်း Qingyuan မြို့က ဂွမ်းဆောင် အိပ်ယာခင်းတွေနဲ့ ခေါင်းအုံးတွေ ထုတ်လုပ်နေတဲ့ ခွင့်ပြုချက် လိုင်စင်မရထားတဲ့ ၄င်း စက်ရုံကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရောက်ရှိတဲ့အချိန်မှာ Xie ကို ဖမ်းဆီးသူတွေနဲ့ စက်ရုံပိုင်ရှင် တွေဟာ ၄င်းနေရာမှ ထွက်ပြေးသွားကြပြီဖြစ်ပါတယ်။

Ref:chinadaily.com.cn
Trend Myanmar 

No comments:

Post a Comment