Wednesday 29 April 2015

သူပုန်နှင့်အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင် ကမ်းလှမ်းချက် ကိုလံဘီယာမယ် ပယ်ချ

ကိုလံဘီယာသူပုန်အဖွဲ့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး အကျိုးဆောင်ပေးဖို့ ကမ်းလှမ်းခံရတဲ့ ကိုလံဘီယာနိုင်ငံရဲ့ မယ်စကြာဝဠာက ဖိတ်ကြားမှုကို ပယ်ချလိုက်ပါတယ်။
အသက် ၂၂ အရွယ် အလှမယ်ဟာ စီးပွားရေးဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ ကိုလံဘီယာသူပုန်အဖွဲ့က တရားဝင် အကြောင်းကြား စာနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာကို ပြန်ရောက်သွားတဲ့ အလှမယ်က ကျူးဘားနိုင်ငံ ဟာဗားနားမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတာ သူပါဝင်လည်း ဘာမှ ထူးခြားစရာ အကြောင်းမရှိတာကြောင့် ဖိတ်ခေါ်ချက်ကို ငြင်းဆန်လိုက်တာလို့ ပြောပါတယ်။

သူဟာ မယ်စကြာဝဠာသရဖူရရှိတဲ့ ဒုတိယမြောက် ကိုလံဘီယာ အလှမယ်ဖြစ်ပါတယ်။ သရဖူ ရရှိခဲ့ပြီးနောက် ပထမဆုံး မိခင်နိုင်ငံကို ပြန်သွားတဲ့အလှမယ်ကို သမ္မတ ဆန်တို့စ်နဲ့ ဇနီးတို့က တွေ့ဆုံပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဆန်တို့စ်က ကိုလံဘီယာ ငြိမ်းချမ်းရေးဟာ လက်တွေ့ဖြစ်လာဖို့ မျှော်လင့်အပ်တဲ့အရာလို့ ပြောပါတယ်။

ကိုလံဘီယာနိုင်ငံ ကိုယ်စားပြု အလှမယ် ဗီဂါက မယ်စကြာဝဠာသရဖူကို မျှော်လင့်တဲ့ အတိုင်း တကယ်ရခဲ့သလိုပဲ ကိုလံဘီယာရဲ့ ငြိမ်းချမ်းရေးအတွက်လည်း မျှော်လင့်နေတယ်လို့ ပြောပါတယ်။

ကိုလံဘီယာအစိုးရဟာ မက်စ်ဝါဒီ အက်ဖ်အေအာရ်စီ(FARC) သူပုန်အဖွဲ့နဲ့ ဆွေးနွေး နေတာ ၂ နှစ်ခွဲရှိနေပြီ ဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံပြည်တွင်းစစ်က အနှစ် ၅၀ ကျော်နေပြီး လူပေါင်း ၂၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
dvb

No comments:

Post a Comment