Wednesday 29 April 2015

အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ မိခင် ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်ပေးတဲ့ သားလိမ္မာ

မိခင်တိုင်းဟာ သာသမီးတိုင်းကို ရင်အုပ်မကွာ ပြုစု စောင့်ရှောက်လေ့ရှိ ပါတယ်။ ဒါပေမဲ့ သားသမီးတွေ ကလည်း မိခင်ဖြစ်သူကို ရင်အုပ်မကွာ ပြန်လည်ပြုစုစောင့်ရှောက်တဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang  အရပ်ဒေသ မှာဖြစ်ပြီး သားဖြစ်သူဟာ အသက် (၈၄) နှစ် ရှိပြီဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါဝေဒနာရှင် မိခင်ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်နေခြင်း ဖြစ်ပါတယ်။
ဇင်ကိုင်ဟာ လုံခြုံရေး ၀န်ထမ်းအလုပ်ကို လုပ်ကိုင်သူဖြစ်ပါတယ်။ အလုပ်ကိုသွားတဲ့အခါမှာ မိခင်ဖြစ်သူကို ပြုစု စောင့်ရှောက်မယ့်သူ  မရှိတာကြောင့် ဇင်ကိုင် အနေနဲ့  မိခင် ဖြစ်သူကို အလုပ်ကို ခေါ်သွားရ ပါတယ်။ အယ်လ်ဇိုင်းမား ဝေဒနာရှင်ဖြစ်တဲ့ မိခင်ဖြစ်သူကို ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားတာ ဖြစ်ပြီး ဒီလိုခေါ်ဆောင်ရာမှာ အထူးသတိ ထားရလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိခင်ဖြစ်သူ ဆိုင်ကယ်ပေါ် ကနေ ပြုတ်ကျ သွားမှာ စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။ ဇင် ကိုင်ဟာ မိခင်ဖြစ်သူကို ဆိုင်ကယ်နောက်မှာ ထားပြီး သူ့ခါးမှာ ကြိုးနဲ့ချည်နှောင်ပြီး သွား လာခြင်း ဖြစ်ပါတယ်။ အိမ်နဲ့အလုပ်ဟာ (၄) ကီလိုမီတာ လောက်ပဲ ဝေးပေမယ့် ဆိုင်ကယ်ကို သတိကြီးစွာ မောင်းနှင်ရတာကြောင့် တစ်နာရီခန့် အချိန်ယူရလေ့ရှိ ပါတယ်။

ဇင်ကိုင်ဟာ နေ့စဉ် အလုပ်သွားတဲ့ အခါတိုင်း မိခင်ဖြစ်သူကို အလုပ်ကို ခေါ်သွားပြီး အနီးကပ် ပြုစုနေခြင်း ဖြစ်ပါတယ်။ ဇင်ကိုင်မှာ ဇနီးနဲ့ သားရှိပေမယ့် ဇနီးဖြစ်သူက အလုပ် ကိစ္စနဲ့ တစ်နေရာကို ရောက်နေပြီး သားဖြစ်သူ ကလည်း ကျောင်းတက်နေရာ တာကြောင့် ပြုစုပေးနိုင်သူ မရှိပါဘူး။ ဒါကြောင့် ဇင်ကိုင် ကပဲ မိခင်ဖြစ်သူရဲ့ နေ့စဉ် ကိစ္စတွေကို ပြုလုပ်ပေးခဲ့ရ ပါတယ်။ ဇင်ကိုင်က မိမိငယ်စဉ်တုန်းက မိခင်ဖြစ်သူဟာ ချီပိုးပြီး အလုပ်ကိစ္စတွေ ကို ပြုလုပ်တတ်ကြောင်း၊ ယခုအချိန်တွင် မိမိက မိခင် ဖြစ်သူကို အနီးကပ်ပြန် ပြုစုပေးနေကြောင်း၊ ယခုလို လုပ်ခွင့်ရခြင်း ကိုလည်း ကျေနပ်မိကြောင်း၊ မိမိအနေဖြင့် မိခင်ကို အိမ်မှာထားခဲ့ ပါက လျှောက်သွားပြီး ပျောက်သွားမည်ကို စိုးရိမ်ကြောင်း ဆိုခဲ့ပါတယ်။

Messenger News Journal 

No comments:

Post a Comment