Wednesday 29 April 2015

ကသည်းလက်နက်ကိုင်များ ဖမ်းဆီးနေ၍ တမူးဒေသခံများ ထိတ်လန့်

ကလေး - တမူးမြို့တွင် ဧပြီ ၁၂ ရက်က ကသည်းလက်နက်ကိုင် တပ်ရင်းစခန်းအနီးသို့ လမ်းမှား ရောက်ရှိ သွားသည့် ဒေသခံကျေး ရွာသားလေးဦး ဖမ်းဆီးခံရပြီး နောက် တမူးဒေသခံများ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သတင်းရရှိသည်။

တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ ရှိ မွှာလ်လင်းကျေးရွာ သားလေးဦးသည် ဧပြီ ၁၂ ရက် ညကတောတွင်းသို့ ငှက်ပစ်ထွက်ရာမှ လမ်းမှား၍ကသည်း လက်နက်ကိုင်တပ်ရင်း စခန်းချထားရာအနီးသို့ ရောက်ရှိခဲ့သည်။ အဆိုပါရွာသားများကို က သည်းလက်နက်ကိုင်များက မိမိ တို့စခန်းသို့ လာရောက်စုံစမ်းသူ များဟု ယူဆကာ ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

ဖမ်းဆီးခံရွာသားများ လွတ်မြောက်ရန် မွှာလ်လင်း ကျေးရွာဒေသခံများက ကသည်းလက်နက်ကိုင် အဖွဲ့စခန်းသို့ သွားရောက်၍ အကြီးတန်းအရာရှိတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဖမ်းဆီးထားသည့် ကျေးရွာသားများအား ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အလုပ်တွေ က ကြံစိုက်၊ တောင်ယာခုတ်၊ ငှက်ပျောစိုက်ဆိုတော့ တောထဲမှာပဲ လုပ်ကြ ရတယ်။ အဲဒီလိုလုပ် ကြတဲ့အခါမှာ လက်နက်ကိုင်ထား တဲ့သူတွေက ဖမ်းဆီးကြတယ်ဆို ကိုယ့်လုံခြုံရေး အတွက်တော့ စိုး ရိမ်ကြတာပေါ့’’ဟု ဒေသခံချင်း တိုင်းရင်းသားတစ်ဦးက ပြော သည်။

ကျေးရွာသားများကို မှား ယွင်းဖမ်းဆီးမိသည့်အတွက် ကသည်းလက်နက်ကိုင်များကဒေသ ဓလေ့အတိုင်း ၀က်တစ်ကောင် သတ်၍ ကျေးရွာသားများအား ပွဲပြုလုပ်ပေးခဲ့ပြီး ဖမ်းဆီးခံရသူများ ကိုလည်း နစ်နာကြေး ငွေကျပ်ငါးသိန်း ငါးသောင်းပေးခဲ့ကြောင်း မွှာလ်လင်း ကျေးရွာသားတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောသည်။ ဒေသခံများက လုံခြုံရေးအ တွက် စိုးရိမ်ကြောက်ရွံ့နေသော် လည်း တမူးခရိုင်ရဲမှူး ဒုရဲမှူးကြီးတင့်ဝေကမူ အထက်ပါဖြစ်စဉ်မျိုး မိမိဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြောသည်။ 

7Day DAILY 

No comments:

Post a Comment